ဂျင်းနေမြို့

From Wikipedia, the free encyclopedia

ဂျင်းနေမြို့
Remove ads

ဂျင်းနေမြို့ သည် မာလီနိုင်ငံ အလယ်ပိုင်း နိုင်ဂျာမြစ် ကုန်းတွင်းမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသော မြို့နှင့် မြို့ပြ ကွန်မြူးန် တစ်ခု ဖြစ်သည်။ မော့ပ်တီဒေသ၏ ဒေသခွဲရှစ်ခု ထဲမှ တစ်ခု အပါအဝင်ဖြစ်သော ဂျင်းနေ ဒေသခွဲ၏ အုပ်ချုပ်ရေးမြို့ ဖြစ်သည်။ ကွန်မြူးန်တွင် ပတ်ဝန်ကျင်း ကျေးရွာ ၁၀ ရွာလည်း ပါဝင်ပြီး ၂၀၀၉ ခုနှစ်တွင် လူဦးရေ ၃၂,၉၄၄ ဦး ရှိသည်။

အချက်တိုများ ဂျင်းနေမြို့ Djenné, နိုင်ငံ ...
အချက်တိုများ ဂျင်းနေမြို့ဟောင်း*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

ဂျင်းနေမြို့၏ သမိုင်းကြောင်းသည် တင်းဘတ်တူးမြို့သမိုင်းကြောင်းနှင့် ဆက်စပ်နေသည်။ ၁၅ ရာစု မှ ၁၇ ရာစု အတွင်းတွင် ဆာဟာရ ကိုဖြတ်သန်းကုန်သွယ်ကြသော တင်းဘတ်တူးမြို့သို့ အဝင်အထွက် ဆားရွှေနှင့် ကျွန်ကဲ့သို့သော ကုန်စည်များသည် ဂျင်းနေမြို့ကို ဖြတ်သန်းသွားကြသည်။ ထိုမြို့နှစ်ခုစလုံးသည် အစ္စလာမ် ပညာတတ်တို့ ၏ အချက်အချာ ဌာန ဖြစ်ခဲ့သည်။ ဂျင်းနေမြို့၏ ကြွယ်ဝမှုသည် ထိုကုန်သွယ်မှုအပေါ်တွင် မူတည်နေပြီး ပေါ်တူဂီတို့မှ အာဖရိက ကမ်းရိုးတန်းတွင် ကုန်သွယ်ရေးစခန်းများ တည်ထောင်သော အခါတွင် ဆာဟာရကို ဖြတ်သန်းကုန်သွယ်မှု ကျဆင်းခဲ့ပြီး ဂျင်းနေမြို့သို့လည်း ရိုက်ခတ်ခဲ့သည်။

ဂျင်းနေမြို့သည် ၎င်း၏ ရွှံ့ ဗိသုကာလက်ရာများကြောင့် ထင်ရှားကျော်ကြားပြီး နာမည်အကြီးဆုံးမှာ ၁၉၀၇ ခုနှစ် အစောပိုင်း ဗလီတည်ရှိရာနေရာတွင် ထပ်မံတည်ဆောက်ခဲ့သော မဟာဗလီကြီး ဖြစ်သည်။ မြို့၏ တောင်ဘက်တွင် ဆာဟာရတောင်ပိုင်းရှိ ရှေးအကျဆုံး မြို့ဖြစ်သော ဂျင်းနေဂျနိုမြို့ ရှိသည်။ ဂျင်းနေနှင့် ဂျင်းနေဂျနိုမြို့တို့အား ၁၉၈၈ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads