မာလီနိုင်ငံ၏ တရားဝင်အမည်မှာ မာလီသမ္မတနိုင်ငံ ဖြစ်ပြီး အနောက်အာဖရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ အရှေ့ဘက်တွင် နိုင်ဂျာနိုင်ငံ၊ တောင်ဘက်တွင် ဘာကီးနားဖားဆိုနိုင်ငံ နှင့် ကိုယ့်ဒီဗွားနိုင်ငံ၊ အနောက်တောင်ဘက်တွင် ဂီနီနိုင်ငံ၊ အနောက်ဘက်တွင် ဆီနီဂေါနိုင်ငံ နှင့် မော်ရီတေးနီးယားနိုင်ငံ တို့က ဝန်းရံထားသည်။ ဧရိယာ စတုရန်း ကီလိုမီတာပေါင်း ၁,၂၄၀,၀၀၀ ကီလိုမီတာ ရှိပြီး လူဦးရေ ၁၄.၅ သန်း ရှိသည်။ မြို့တော်မှာ ဘာမာကိုမြို့ ဖြစ်သည်။ မာလီတွင် ဒေသရှစ်ခု ပါဝင်ပြီး မြောက်ဘက်ပိုင်း နယ်စပ်မှာ ဆဟာရ သဲကန္တာရ အတွင်းကျကျ တွင် ရှိသည်။ နိုင်ငံ၏ တောင်ဘက်ပိုင်းတွင်သာ လူအများ နေထိုင်ကြသည်။ နိုင်ဂျာမြစ်နှင့် ဆီနီဂေါမြစ်တို့ ရှိသည်။ နိုင်ငံ၏ စီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေး နှင့် ငါးဖမ်းခြင်း ပေါ်တွင် အခြေခံသည်။ မာလီနိုင်ငံမှ ရွှေ၊ ယူရေနီယမ် နှင့် ဆား စသော သဘာဝ အရင်းအမြစ်များ ထွက်ရှိသည်။
အချက်တိုများ မြို့တော် နှင့် အကြီးဆုံးမြို့, ရုံးသုံး ဘာသာစကားများ ...
မာလီ သမ္မတနိုင်ငံ
- République du Mali (ပြင်သစ်)
- جمهورية مالي (အာရပ်)
- Mali ka Fasojamana ߡߊߟߌ ߞߊ ߝߊߛߏߖߊߡߊߣߊ (Bambara)
- Renndaandi Maali 𞤈𞤫𞤲𞥆𞤣𞤢𞥄𞤲𞤣𞤭 𞤃𞤢𞥄𞤤𞤭 (ဖူလာ)
|
---|
|
ဆောင်ပုဒ်: "Un peuple, un but, une foi" (ပြင်သစ်) "One people, one goal, one faith.""ပြည်သူတစ်စု၊ ပန်းတိုင်တစ်ခု၊ ယုံကြည်မှုတစ်ခု" |
နိုင်ငံတော် သီချင်း: "Le Mali" (ပြင်သစ်) |
 မာလီနိုင်ငံ၏ တည်နေရာ (အစိမ်းရောင်) |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘာမာကိုမြို့ 12°39′N 8°0′W |
---|
ရုံးသုံး ဘာသာစကားများ | ပြင်သစ် |
---|
အမျိုးသားဘာသာစကားများ | |
---|
လူမျိုးစု | |
---|
ကိုးကွယ်မှု |
|
---|
လူမျိုး | Malian |
---|
အစိုးရ | လက်ရှိတွင် စစ်အစိုးရလက်အောက်ရှိ ပြည်ထောင်စု တစိတ်တပိုင်းသမ္မတ သမ္မတနိုင်ငံစနစ် [၂] |
---|
• Interim President | Assimi Goïta |
---|
• ဒုသမ္မတ | Vacant |
---|
• Interim Prime Minister | Choguel Kokalla Maïga |
---|
• အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ | Djibril Ndaw |
---|
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
---|
လွတ်လပ်ရေးရ |
---|
• ဆူဒန်သမ္မတနိုင်ငံတည်ထောင်ခဲ့ | ၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် |
---|
| ၁၉၆၀ ခုနှစ် ဇွန်လ ၂၀ ရက် |
---|
• မာလီနိုင်ငံအဖြစ် | ၁၉၆၀ ခုနှစ် စက်တင်ဘာလ ၂၂ ရက် |
---|
Gini (၂၀၁၀) | ၃၃.၀[၃] အလယ် |
---|
HDI (၂၀၁၉) | ၀.၄၃၄[၄] နိမ့် · ၁၈၄ |
---|
ငွေကြေး | အနောက်အာဖရိက ဖရန့် (XOF) |
---|
အချိန်ဇုန် | GMT (UTC ) |
---|
ယာဉ်ကြောစနစ် | right[၅] |
---|
တယ်လီဖုန်းကုဒ် | +၂၂၃ |
---|
Internet TLD | .ml |
---|
- ဆူဒန်သမ္မတနိုင်ငံမှ ဆီနီဂေါနှင့်အတူ မာလီဖက်ဒရေးရှင်းအဖြစ်
|
ပိတ်ရန်