ဂျာထွယ်ပန်
ကချင်လူငယ်တက်ကြွလှုပ်ရှားသူနှင့်နိုင်ငံရေးသမား From Wikipedia, the free encyclopedia
Remove ads
ဂျာထွယ်ပန်သည် ကချင်လူမျိုး လူငယ့်အရေးတက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးသမားဖြစ်သည်။[၁] ကြားကာလ ကချင်နိုင်ငံရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ (KPICT) ကို ကိုယ်စားပြုလျက်[၂] ၂၀၂၁ ခုနှစ် ဧပြီလ ၁၆တွင် ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရတွင် ပညာရေးဒုဝန်ကြီးအဖြစ် ပါဝင်လာသူဖြစ်သည်။[၃]
သိက္ခာတော်ရ ဒေါက်တာ မရန်ဂျာဂွန်းနှင့် လဇိန်လုအောင်တို့က မွေးဖွားသည်။ မွေးချင်းမောင်နှမ နှစ်ဦးရှိသည်။[၄]
စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ လန်ဒန်ကျောင်း (LSE ) မှ လူမှုမနုဿဗေဒဘာသာရပ် မဟာဘွဲ့၊ အမေရိကန်နိုင်ငံရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်မှ မနုဿဗေဒ မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။[၅]
ယခင် မိုင်ဂျာယန်အခြေစိုက် School of Intensive English Programs (IEP) ကျောင်းတွင် နည်းပြတစ်ဦးအဖြစ်လည်းကောင်း၊ Institute of Liberal Arts and Science (School of IEP) ၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ Kachinland Research Center တွဲဖက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပြီး သုတေသန စာတမ်းများစွာကို ရေးသားထုတ်ဝေခဲ့သည်။[၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads