ဂျိုဟန်နက် ဗာမီယာ
From Wikipedia, the free encyclopedia
Remove ads
ဂျိုဟန်နက် ဗာမီယာ (အင်္ဂလိပ်: Johannes Vermeer) (၁၆၃၂-၁၆၇၅) သည် ဒပ်ချ်လူမျိုး ပန်းချီဆရာဖြစ်ပြီး လူလတ်တန်းစားတို့၏ အိမ်နေရင်းမြင်ကွင်းတို့ကို အဓိကခြယ်မှုန်းခဲ့သည်။ သူ့နယ်တခွင်တွင် ကျော်ကြားသော်လည်း ပြည့်စုံသည်ဟူ၍ မရှိခဲ့။ ဆွဲသည့် ကားအရေအတွက်မှာ နည်းပါးရကား သူသေသော် မယားနှင့် သားသမီးများက ကြွေးမြီများကြောင့် ပစ်သွားသည်။
ပန်းချီဆွဲသည့်အခါ ဖြည်းဖြည်းနှင့် ဂရုတစိုက် ဆွဲလေ့ရှိသည်။ အရောင်တောက်များသုံးပြီး တခါတရံ ဈေးများသော ခြယ်ဆေးများ သုံးသည်။ အဝါနှင့် ပြောင်းပန်းဝါရောင်ကို နှစ်သက်သည်။ အလင်းအမှောင် အသက်ပါခြင်းကြောင့် သူ၏ပန်းချီကားများမှာ လူကြိုက်များသည်။
အိမ်နေရင်းမြင်ကွင်းများကို ဆွဲလေ့ရှိရာ ဒဲလဖက် (Delft) ရှိ သူ့အိမ် အခန်းကျဉ်းနှစ်ခုမှာ ပုံသေမြင်ကွင်း ဖြစ်နေသည်။ ပရိဘောဂတူများကို ဟိုရွေ့ဒီပြောင်းထည့်ကာ တန်ဆာဆင်တတ်သည်။ ခြယ်မှုန်းသည်မှာလည်း လူတစ်ယောက်ကိုသာ ဖြစ်ပြီး များသောအားဖြင့် သူ့မိန်းမ ဖြစ်သည်။ ဒဲလဖက်နှင့် ဟိ (Hague) တို့တွင် ဘဝကို ကုန်လွန်စေသည်။
အာနိုး ဟူဘရာကန် (Arnold Houbraken) ၏ (၁၇) ရာစု ဒပ်ခ်ျပန်းချီများအကြောင်း စာအုပ်တွင် ရေရေရာရာ မပါခဲ့ပေ။ ရာစုနှစ် ၂ ခုကျော် ကြာအောင် သမိုင်းမှ ပျောက်ကွယ်နေသည်။ ၁၉ ရာစု ရောက်သော် ဂူးစတပ် ဖရိုင်းဒရစ် ဝါဂန် (Gustav Friedrich Waagen) နှင့် သဲရိုဖီး သိုရီဘူဂါ (Theophile Thore-Buger) တို့က သူ၏ပန်းချီ (၆၆) ကားအကြောင်းကို အက်ဆေးရေးရာ လူကြားထဲ ပြန်ရောက်လာသည်။ ပြန်စစ်သော် (၃၄) ကားသာ သူ့ပန်းချီဖြစ်ကြောင်း ယုံကြည်ကြသည်။ ယခုမူ ဒပ်ခ်ျပန်းချီ ရွှေခေတ်၏ အပြောင်မြောက်ဆုံး ပန်းချီဆရာများအနက် တစ်ဦးအဖြစ် အသိအမှတ်ပြုနေကြပြီ ဖြစ်သည်။
Remove ads
ဆွဲသော ပန်းချီများ
- အားထုတ်သူ (The Procuress, ၁၆၅၆)
- နက္ခတ္တပညာရှင် (The Astronomer, ၁၆၆၈)
- ပထဝီဝင်ပညာရှင် (The Geographer, ၁၆၆၉)
- ပြတင်းပေါက်နား စာဖတ်တဲ့ မိန်းကလေး
- ဒဲလဖက်မြင်ကွင်း (View of Delft)
- ဒဲလဖက်ရဲ့ လမ်းသွယ် (A Street in Delft)
- ဝိုင်ခွက်နဲ့ သူငယ်မ (The Girl with the Wine Glass, ၁၆၅၉ ဝန်းကျင်)
- ပုလဲနားဆွဲနဲ့ မိန်းကလေး
- ဂီတသင်ခန်းစာ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads