ပြတင်းပေါက်နား စာဖတ်တဲ့ မိန်းကလေး (ပန်းချီ)
From Wikipedia, the free encyclopedia
Remove ads
ပြတင်းပေါက်နား စာဖတ်တဲ့ မိန်းကလေး (အင်္ဂလိပ်: Girl Reading a Letter at an Open Window) သည် ဒပ်ချ်လူမျိုး ဂျိုဟန်နက် ဗာမီယာရေးသည့် ဆီဆေးပန်းချီ ဖြစ်သည်။ ၁၆၅၇-၅၉ ဝန်းကျင်တွင် ဆွဲပြီးသည်။ ရမ်းဘရန် (Rembrandt) ဆွဲသည်ထင်ကာ ပိုလန်၏ ဩဂတ်စတပ်(၃) က ဝယ်ယူသွားသည်။ ၁၈၂၆ ရောက်သော် ပဲတာဒီဟု (Peiter de Hooch) ရေးသည် ထင်ကြပြန်သည်။ ၁၈၆၀ ပြည့် ရောက်မှသာ ဗာမီယာရေးကြောင်း ထင်ရှားသိကြသည်။ ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်တို့က ယူသွားသည်။ စတာလင်သေပြီးနောက် မိတ်ဆွေဖြစ်မှု ခိုင်မာစေရန် ဂျာမနီအား ဆိုဗီယက်တို့က ၁၉၅၅ ခုတွင် ပြန်ပေးသည်။ ဒရက်စဒန် (Dresden) ရှိ ဂမဲဒဂါလာရီ (Gemäldegalerie) တွင် ပြသထားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads