ဂျော်ဂျီယာပြည်နယ် (အမေရိကန်ပြည်ထောင်စု)

From Wikipedia, the free encyclopedia

ဂျော်ဂျီယာပြည်နယ် (အမေရိကန်ပြည်ထောင်စု)
Remove ads

ဂျော်ဂျီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု မူရင်း နယ် ၁၃ နယ်တွင် အပါအဝင် ဖြစ်လေသည်။ အင်္ဂလန်နိုင်ငံ ဒုတိယဂျော့ဘုရင်ကို အစွဲပြု၍ ဂျော်ဂျီးယားဟု တွင်သည်။ ခရစ် ၁၇၃၃ ခုနှစ်တွင် တည်ထောင်သည်။ အမေရိကန် ပြည် ထောင်စု၏ အတ္တလန္တိတ်ကမ်းရိုးတန်း တောင်ပိုင်းတွင် တည်ရှိ လေသည်။ ထိုနယ်၏အနောက်ဘက်၌ အယ်လဗားမားပြည်နယ်၊ အရှေ့ဘက်၌ တောင်ကယ်ရိုလီးနားပြည်နယ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာ၊ မြောက်ဘက်၌ တင်နက်ဆီပြည်နယ်နှင့် မြောက် ကယ်ရိုလိုင်းနားပြည်နယ်၊ တောင်ဘက်၌ ဖလော်ရီဒါပြည်တို့ ရှိသည်။

အချက်တိုများ ဂျော်ဂျီယာပြည်နယ်, နိုင်ငံ ...

ထိုပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၈၈၇၆ ရှိ၍ လူဦးရေမှာ ၁၉၅၀ ပြည့်နှစ် သန်းခေါင်စာရင်း အရ ၃၄၄၄၅၇၈ ဖြစ်လေသည်။ ယင်းအနက် ကပ္ပလီလူမျိုး တို့၏ လူဦးရေမှာ ၁၀၀၀၀၀၀ ကျော်လေသည်။

ဂျော်ဂျီးယားနယ်ကို ၁၅၄၀ ပြည့်နှစ်တွင် ဒီဆိုးတိုးအမည်ရှိ ဥရောပတိုက်သားတစ်ဦးက ပထမဦးစွာ ရှာဖွေတွေ့ရှိခဲ့သော် လည်း ထိုနောက် နှစ်ပေါင်း ၂၀၀ ခန့်ကြာသောအခါမှသာ ထိုနယ်တွင် ဥရောပတိုက်သားများ အခြေတကျ နေထိုင်စပြုကြ လေသည်။

ဂျော်ဂျီးယားပြည်နယ်၏ ရာသီဥတုမှာ တစ်နေရာနှင့် တစ်နေရာ မတူချေ။ ဂျောဂျီးယားတောင်ပိုင်း၏ ရာသီဥတုသည် ဖလော်ရီဒါမြောက်ပိုင်း၏ ရာသီဥတုနှင့် တူ၏။ သို့ရာတွင် ပူလွန်း၊ အေးလွန်းသော ရာသီဥတုမျိုးကား မည်သည့်အပိုင်း တွင်မျှ မရှိသဖြင့် ယေဘုယျအားဖြင့် ဂျော်ဂျီးယားပြည်နယ် သည် သမမျှတသော ရာသီဥတုရှိသည်ဟု ဆိုနိုင်ပေသည်။ မြောက်ပိုင်းတွင် မိုးအများဆုံးရွာသွန်း၍ အရှေ့ပိုင်းတွင် မိုး အနည်းဆုံး ဖြစ်လေသည်။ ပျမ်းမျှ မိုးရေချိန်မှာ လက်မ ၅၀ ခန့် ဖြစ်လေသည်။

ဂျော်ဂျီးယားနယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြ၍ ဝါဂွမ်းကို အများဆုံး စိုက်ပျိုးကြ၏။ အခြား စိုက်ပျိုးသော အသီးအနှံတို့မှာ ဂျုံ၊ ပြောင်း၊ ကန်စွန်းဥ၊ ဆေးပင် စသည်တို့ ဖြစ်လေသည်။ သစ်တောများမှာလည်း စတုရန်းမိုင်ပေါင်း ၄၀၀၀၀ ခန့်ရှိလေသည်။ စက်မှုလက်မှု လုပ်ငန်းများလည်းရှိရာ ယခုအခါ ရေအားသုံး လျှပ်စစ်အား ကြောင့် တစ်နေ့တခြား ကြီးပွားတိုးတက်လျက်ရှိပေသည်။ ဂျော်ဂျီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုထဲတွင် မြေစေးဖြူ အများဆုံးထွက်သော ဓာတ်သတ္တုများမှာ နှမ်းဖတ် ကျောက်၊ စကျင်ကျောက်၊ မန်ဂနီ၊ ကန့်ကူ၊ ရွှေ၊ ငွေနှင့် လချေးတို့ ဖြစ်သည်။

ဂျော်ဂျီးယားပြည်နယ်၏ မြို့တော်မှာ အတ္တလန္တာမြို့ဖြစ်၍ လူဦးရေ ၃၃၁၃၁၄ ရှိလေသည်။ ဗရန်ဇွစ်နှင့် ဆာဗန္နာမြို့များ မှာ အရှေ့ဘက်ကမ်းခြေတွင်ရှိ၍ သင်္ဘောဆိပ်မြို့များ ဖြစ်လေ သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads