ငရုတ်ကောင်းပင်
From Wikipedia, the free encyclopedia
Remove ads
ငရုတ်ကောင်းပင် Black pepper (Piper nigrum) သည် သစ်ပင်များကိုနွယ်၍ ပေါက်တတ်သော နွယ်ပင်မျိုး ဖြစ်သည်။ ရုက္ခဗေဒအရ 'ပိုက်ပါနီဂရမ်'ဟု ခေါ်သည်။ အသီးကို မရင့်မှည့်မီခူး၍ အခြောက်လှန်းပြီး ကြိတ်လျှင် ငရုတ်ကောင်းအမည်းမှုန့်ကို ရသည်။ အသီးမှည့်ကို ဖြစ်စေ၊ အသီးနက်အခွံခြောက်ကိုဖြစ်စေ ကြိတ်လျှင် ငရုတ်ကောင်း အဖြူမှုန့်ကို ရသည်။
ငရုတ်ကောင်းပင်၏ မူလပေါက်ရောက်ရာအရပ်မှာ အိန္ဒိယနိုင်ငံ ဖြစ်သည်။ ထိုနိုင်ငံမှ တစ်ဆင့် ဂျာဗားကျွန်း၊ ဆူမတြားကျွန်း၊ ဗော်ညိုကျွန်း၊ ဖိလစ်ပိုင်ကျွန်း၊ မလ္လာယုကျွန်းဆွယ်၊ ယိုးဒယားနိုင်ငံနှင့် အနောက် အိန္ဒိယကျွန်းစု အစရှိသော အရပ်ဒေသများသို့ ရောက်သွားသည်။ ငရုတ်ကောင်း အမြောက်အမြား တင်ပို့ ရောင်းချသော အရပ်မှာ စင်္ကာပူနိုင်ငံ ဖြစ်သည်။ ရှေးခေတ်အခါက ဥရောပတိုက်သား ကုန်သည်ကြီးများသည် ငရုတ်ကောင်းကို စမဲအမွှေးအကြိုင်အဖြစ် တန်ဖိုးထားကာ ယင်းကို ရလို၍ အိန္ဒိယနိုင်ငံနှင့် ကုန်ကူးသန်းခဲ့ကြသည်။ ယင်းသို့ ကုန်ကူးသန်းခဲ့ကြရာမှ ပေါ်တူဂီလူမျိုးတို့သည် ဥရောပတိုက်မှ အာဖရိကတိုက် တောင်ဘက်စွန်းကို လှည့်ပတ်၍ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနိုင်သော ရေလမ်းခရီးကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
Remove ads
ပိတ်ချင်း
ပိတ်ချင်း ခေါ် ငရုတ်ကောင်းတစ်မျိုးလည်း ရှိသေးသည်။ ရုက္ခဗေဒအမည်မှာ 'ပိုက်ပါလောင်ဂမ်'ဖြစ်၍ ငရုတ်ကောင်း အရှည်မျိုး ဖြစ်လေသည်။ ပိတ်ချင်းကို ဘယဆေးဖော်စပ်ရာ၌ အသုံးပြုကြသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အာသံပြည်နယ်၊ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံတို့တွင် အများအပြား စိုက်ပျိုးကြသည်။[၂]
ပြခန်း
- Black and white peppercorns
- Roughly mashed black peppercorns
- Black, green, pink (Schinus terebinthifolius), and white peppercorns
- Piper nigrum from an 1832 print
- Piper nigrum on tree support in Goa, India
- Pepper in Kerala, India
- Pepper before ripening
- Peppercorn close-up
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads