ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန

From Wikipedia, the free encyclopedia

Remove ads

ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန (အင်္ဂလိပ်: Financial Regulatory Department;FRD) သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဦးစီးဌာနတစ်ခုဖြစ်သည်။[]

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

၁၉၅၂ခုနှစ် နိုဝင်ဘာ ၁၁ရက်နေ့တွင် အပေါင်ဆိုင်ကြီးကြပ်အုပ်ချုပ်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၁ခုနှစ် အောက်တိုဘာလတွင် ပြည်သူ့ငွေချေးကုမ္ပဏီအမည်ဖြင့် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်းတစ်ခု ဖြစ်လာသည်။ ၁၉၆၃ခုနှစ်တွင် ထိုကော်ပိုရေးရှင်းကို ပြည်သူပိုင်သိမ်းခဲ့ရာ ပြည်သူ့ငွေချေးကုမ္ပဏီမှာ ပြည်သူ့ဘဏ်လက်အောက် ဖွဲ့စည်းခဲ့သည်။ ထို့နောက်တွင် ပြောင်းလဲဖွဲ့စည်းလိုက်သော မြန်မာ့စီးပွားရေးဘဏ်တွင် အသေးစားချေးငွေဌာနတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၉၀ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ ၁၉၉၂ခုနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ခွဲထုတ်ကာ မြန်မာ့အသေးစားချေးငွေလုပ်ငန်းအဖြစ် ဖွဲ့စည်းခဲ့သည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းများအား ကြီးကြပ်နိုင်ရန်အတွက် ၂၀၁၁ခုနှစ် အောက်တိုဘာ ၁၁ရက်နေ့တွင် မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်းအဖြစ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနလက်အောက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၁၄ခုနှစ် စက်တင်ဘာ ၁ရက်နေ့တွင် အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနအဖြစ် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်တွင် တိုးမြှင့်ခဲ့သည်။

၂၀၁၆ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ၂၀၁၉ခုနှစ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ၂၀၂၁ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ လက်အောက်၌ ပါဝင်ဖွဲ့စည်းခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads