စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိအစိုးရဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Planning and Finance; MOPF) သည် ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ ပြည်ထောင်စုအစိုးရ၏ ဝန်ကြီးဌာန ဖြစ်သည်။
မြန်မာ့အုပ်ချုပ်ရေးသမိုင်းတစ်လျှောက်တွင် သုံးကြိမ်တိုင်တိုင် ပေါ်ပေါက်ခဲ့သည်။ ပထမအကြိမ်အနေဖြင့် ၁၉၇၂ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ၊ ဒုတိယအကြိမ်အနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိနှင့် တတိယအကြိမ်အနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တည်ရှိခဲ့သည်။
Remove ads
သမိုင်းကြောင်း
လွတ်လပ်ရေးရပြီးစအချိန်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာနတို့သည် သီးခြားတည်ရှိခဲ့သည်။
၁၉၇၂ ခုနှစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဟူ၍ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဟူ၍ပြန်လည်ခွဲထုတ်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအား ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲခဲ့သည်။
၂၀၁၆ ခုနှစ် ရွေးကောက်ခံအစိုးရအသစ်တက်လာချိန်တွင် သမ္မတဦးထင်ကျော်က ထိုဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။
၂၀၁၉ခုနှစ်တွင် သမ္မတ ဦးဝင်းမြင့်က စက်မှုဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန (MOPFI) အဖြစ် ဖွဲ့စည်းခဲ့ပြန်သည်။[၁]
၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တက်လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၁ခုနှစ် မေလ ၃ရက်နေ့တွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဟူ၍ ပြန်လည်ခွဲထုတ်ခဲ့ပြန်သည်။[၂]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရလက်ထက်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ [၃]
Remove ads
ဝန်ကြီးဌာနဖွဲ့စည်းပုံ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
- ပြည်ထောင်စုဝန်ကြီးရုံး (Union Minister's Office)
- စီမံကိန်း (Planning)
- စီမံကိန်းရေးဆွဲရေးဦးစီးဌာန (Planning Department)
- အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (National Archives Department)
- ဗဟိုစာရင်းအင်းအဖွဲ့ (Central Statistical Organization)
- ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေး ဦးစီးဌာန (Central Equipment Statistics and Inspection Department)
- စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန (Project Appraisal and Progress Reporting Department)
- ဘဏ္ဍာရေး (Finance)
- မြန်မာ့စီးပွားရေးဘဏ် (Myanma Economic Bank)
- မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (Myanma Foreign Trade Bank)
- မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (Myanma Investment and Commercial Bank)
- မြန်မာ့အာမခံလုပ်ငန်း (Myanma Insurance)
- ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (Budget Department)
- ငွေတိုက် ဦးစီးဌာန (Treasury Department)
- ပြည်တွင်းအခွန်များ ဦးစီးဌာန (Internal Revenue Department)
- အကောက်ခွန် ဦးစီးဌာန (Customs Department)
- ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန (Financial Regulatory Department)
- ပင်စင်ဦးစီးဌာန (Pension Department)
- ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး (Securities and Exchange Commission of Myanmar)
- စီမံကိန်း (Planning)
Remove ads
ပြည်ထောင်စုဝန်ကြီးများ
ဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေများ
- အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေ
- ငွေစုဘဏ်လုပ်ငန်းဥပဒေ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads

