စကားသီနတ်ဘုရားမ

From Wikipedia, the free encyclopedia

စကားသီနတ်ဘုရားမ
Remove ads

စကားသီနတ်ဘုရားမ (ရှေးဟောင်းနော့စ် : Skaði) သည် နော့စ်ဒဏ္ဍာရီလာ ယော့တန်မျိုးနွယ်တစ်ဦး၊ အိုင်းဆစ်ယာအုပ်စု နတ်ဘုရားမတစ်ဦးဖြစ်သည်။ လေးမြားဖြင့်အမဲလိုက်ခြင်း၊ နှင်းလျှောစီးခြင်း၊ ဆောင်းရာသီ၊ တောင်တန်းများနှင့် သက်ဆိုင်သူတစ်ဦးဖြစ်သည်။ စကားသီသည် အက်ဒါ ကဗျာလင်္ကာအက်ဒါ စကားပြေဟိမ်းစ်ခရင်လာ နှင့် စကောလ်ဒ်ကဗျာလက်ရာများတွင် ထင်ထင်ရှားရှားပါဝင်သည်။

Thumb
Skadi Hunting in the Mountains (1901) by H. L. M.

စကားသီသည် သေဆုံးသွားသူ သယဲ့ဆီ (Þjazi)၏ သမီးဖြစ်ကာ နျော့သယာနှင့်အိမ်ထောင်ပြုသည်။ နတ်ဘုရားများက ၎င်းဖခင်ကို သေစေခဲ့သည့်အတွက် တစ်စိတ်တစ်ပိုင်းလျှော်ကြေးအဖြစ် လက်ထပ်ခဲ့ခြင်းဖြစ်၏။ ဟိမ်းစ်ခရင်လာတွင် စကားသီကို နျော့သယာနှင့် အိမ်ထောင်ကွဲ၍ နောက်ပိုင်းတွင် အိုးဒင်နှင့် လက်ထပ်ခဲ့သည်ဟုဆိုထားသည်။ ထိုနှစ်ဦးဖြင့် ကလေးများစွာ ဖွားမြင်သည်ဟုလည်း ဖော်ပြသည်။ အက်ဒါ ကဗျာလင်္ကာနှင့် စကားပြေတို့တွင် စကားသီသည် ချည်နှောင်ခြင်းခံရသော လိုကီ အပေါ်သို့ အဆိပ်ရည်များ ကျစေသည့် မြွေကြီးကိုထားသည့်တာဝန် ကိုဆောင်ရွက်သည်။ စကားသီကို ရှေးဟောင်းနော့စ် ကောင်းကင်နတ်ဘုရား Öndurguð နှင့် ကောင်းကင်နတ်ဘုရားမ Öndurdís အဖြစ်လည်း အခြားနည်းအားဖြင့် တစ်မျိုးတစ်မည်ရည်ညွှန်းဖော်ပြကြသည်။

စကားသီ (Skaði) အမည်ရင်းမြစ်မှာ မသေချာသော်လည်း စကန်ဒီနေးဗီးယား မူလပုံစံနှင့် ဆက်နွယ်ပက်သတ်မှုရှိနိုင်သည်။ စကန်ဒီနေးဗီးယားဒေသရှိ အချို့သောနေရာများသည် စကားသီကို ရည်ညွှန်းကိုးကားပြုထားကြ၏။ စကားသီ နှင့် ယူးလာနတ်ဘုရား (Ullr)ကြား ဆက်စပ်မှုရှိနိုင်ကောင်း၏ဟု ပညာရှင်များကယူဆကြသညါ။ ယူးလာသည် နှင်းလျောစီးခြင်းနှင့်ပတ်သက်သော သူဖြစ်သည်။ စကားသီသည် ယော့တန်တစ်ဦးဖြစ်သော လိုကီနှင့် အထူးတလည်ဆက်ဆံမှုရှိကာ ဤ စကန်ဒီနေးဗီးယား သည် စကားသီအမည်နာမနှင့် ပတ်သက်နိုင်၏ (ဖြစ်နိုင်ချေအရ စကားသီကျွန်း ဟူ၍ အဓိပ္ပာယ်ရသည်) (သို့) စကားစီအမည်သည် ရှေးဟောင်းနော့စ် နာမ်ပုဒ်ဖြစ်နိုင်၍ အန္တရာယ် ဟုအနက်ထွက်သည်။ စကားသီသည် များစွာသော အနုပညာလက်ရာများကို စေ့ဆော်နိုင်ခဲ့လေသည်။ (ထိုလက်ရာများစွာ၌ ပါဝင်ခဲ့သည်)

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads