နျော့သယာနတ်ဘုရား

နော့စ်ဒဏ္ဍာရီလာ ဗားနစ်ယာအုပ်စုမှ နတ်ဘုရားတစ်ပါး From Wikipedia, the free encyclopedia

နျော့သယာနတ်ဘုရား
Remove ads

နျော့သရာနတ်ဘုရား (ရှေးဟောင်းနော့စ် : Njörðr) သည်နော့စ်ဒဏ္ဍာရီလာ ဗားနစ်ယာအုပ်စု နတ်ဘုရားတစ်ပါးဖြစ်သည်။ ဖရဲ့ယာနတ်ဘုရားနှင့် ဖရွိုင်းယာနတ်ဘုရားမတို့၏ ဖခင်ဖြစ်၍ ၎င်း၏ အမည်မသိ ညီအမတော်စပ်သူ ဇနီးနှင့် မွေးဖွား၏။ ၎င်းသည် စကားသီနတ်ဘုရားမနှင့် ကံမကောင်းသောအိမ်ထောင်ရေးရှိရာ ဖြစ်ပုံမှာ စကားသီသည် Nóatún တောင်းတန်း၌ နေထိုင်ပြီး နျော့သယာသည် ပင်လယ်၊ ပင်လယ်ပြင်ခရီးသွားလာခြင်း၊ လေတိုက်ခတ်ခြင်း၊ ငါးဖမ်းခြင်း၊ ချမ်းသာကြွယ်ဝမှု၊ ကောက်ပဲသီးနှံများနှင့် ဆက်စပ်သော နတ်ဘုရားဖြစ်သည်။

Thumb
Njörd's desire of the Sea (1908) by W. G. Collingwood

နျော့သယာသည် အက်ဒါ ကဗျာလင်္ကာအက်ဒါ စကားပြေတို့၌ ပါဝင်၍ ဟိမ်းစ်ခရင်လာ၌ ဆွီဒင်နိုင်ငံ၏ ရှေးကျ၍ လူအများနှစ်သက်သော ဒဏ္ဍာရီလာ ဘုရင်တစ်ပါးတစ်ဦးအဖြစ် ပုံဖော်ထားသော ယူဟီးမရဝါဒပုံစံဖြစ်သည်။ (၁၄)ရာစု အိုက်စလန်လက်ရေးမူ Hauksbók ၏ ring oath ဟုခေါ်သော ဝတ်ဆင်သည့်ပစ္စည်းတမျိုး၌ သစ္စာပြုတိုင်တည်သော နတ်ဘုရားသုံးပါးအနက် တစ်ပါးအပါအဝင်ဖြစ်သည်။ နျော့သယာကို ကိုးကွယ်ပူဇော်ခြင်းများသည် နော်ဝေးကျေးလက်လုပ်ဆောင်မှုအနေဖြင့် (၁၈-၁၉)ရာစုအထိ ရှင်သန်ခဲ့ကာ ထို၌ ဤနတ်ဘုရားကို Njor နျော် ဟူ၍ မှတ်တမ်းတင်ထားပြီး ငါးအမြောက်အမြားဖမ်းမိခြင်းအတွက် ကျေးဇူးတင်ကြပေသည်။

နျော့သယာသည် ပညာရပ်ဆိုင်ရာ ရေးသားဟောပြောမှု၊ သဘောတရားများစွာ၏ အဓိကအကြောင်းအရာဖြစ်သည်။ ပို၍စောစွာ သက်သေထင်ရှားရှိသော ဂျာမန်နစ်နတ်ဘုရားမ နားသပ်စ်၊ သူရဲကောင်း ဟတ်ဒင်းဂပ်စ် တို့နှင့်ပတ်သက်ဆက်နွယ်မှုရှိသည်။ နေရာဒေသများစွာတွင် ၎င်းအမည်ပါရှိသောကြောင့် နော့စ်ရိုးရာဘာသာတရားတွင် ၎င်းသည် ယခင်ကပို၍ အရေးပါသော အနေအထားရှိသည်ဟုယူဆကြသည်။ နျော့သယာကို အင်္ဂလိပ်မှုပြ၍ NjordNjoerd (သို့) Njorth ဟူ၍ ရေးသားကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads