စကောကရင်ဘာသာစကား

From Wikipedia, the free encyclopedia

စကောကရင်ဘာသာစကား
Remove ads

စကော (ကရင်: စှီၤ/ကညီကျိာ်)၊ စကောကရင်ဘာသာစကား သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ စကောကရင်လူမျိုးတို့ အဓိက ပြောဆိုအသုံးပြုကြသော ဘာသာစကားတစ်ခု ဖြစ်သည်။ တရုတ်-တိဗက်နွယ်ဘာသာစကား မိသားစုတွင် ပါဝင်သော ကရင်ဘာသာစကားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့တွင် လူဦးရေ လေးသန်းကျော်ခန့်၊ ကရင်ပြည်နယ် နယ်စပ်တလျောက် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လူဦးရေ ၂၀၀,၀၀၀ ခန့်က ပြောဆိုအသုံးပြုကြသည်။ စကောကရင်ဘာသာစကားကို မြန်မာအက္ခရာမှ ဆင်းသက်လာသော စကောကရင်အက္ခရာဖြင့် ရေးသားကြသလို ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းတွင်မူ လက်တင်အခြေခံအက္ခရာတို့ဖြင့် ရေးသားကြသည်။[]

အချက်တိုများ စကောကရင်, ဒေသခံ ...

အမျိုးမျိုးသော ကွဲပြားသည့် ဒေသိယစကားများကို မတူညီသော ဘာသာစကားများအဖြစ် တွေ့ရသည်။ အရှေ့မြောက်ပိုင်းတွင် ပကူး၊ အနောက်မြောက်ပိုင်းတွင် မိုးပွ၊ ဝေဝေါနှင့် မောနေပွားတို့ ဖြစ်ကြသည်။[]

Remove ads

သမိုင်းကြောင်း

ယေဘုယျအားဖြင့် ကရင်ဘာသာစကားဟု သိကြသော စကောကရင်ဘာသာစကားသည် တရုတ်-တိဗက်နွယ်ဘာသာစကား မိသားစု၏ အခွဲဖြစ်သော ကရင်ဘာသာစကားတွင် ပါဝင်သည်။ စကောကရင်ဘာသာစကားကို ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုသည်။ ၁၈၅၃ ခုနှစ်တွင် သမ္မာကျမ်းစာ ဘာသာပြန်ကို ထုတ်ဝေခဲ့သည်။

ပျံ့နှံ့မှုနှင့် မူကွဲများ

စကောကရင်ဘာသာစကားကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပြောဆိုအသုံးပြုကြသည်။ စကောကရင်ဘာသာစကား သုံးစွဲသူများသည် ပိုးကရင်ဘာသာစကား သုံးစွဲသူများအကြားတွင် ရောနှောနေလေ့ရှိသည်။

စကောကရင် ဒေသိယစကားများမှာ

  • စကောကရင် အရှေ့ဒေသိယစကား (ဘားအံ)
  • အနောက်ကယား တောင်ပိုင်းဒေသိယစကား (ထားဝယ်)
  • စကောကရင် မြစ်ဝကျွန်းပေါ် ဒေသိယစကား

ပကူးဘာသာစကား ကို အောက်ပါဒေသများတွင် ပြောဆိုကြသည်။[]

  • ကရင်ပြည်နယ် မြောက်ပိုင်း - ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ကရင်ပြည်နယ်နှင့် ထိစပ်နေသော တောင်ငူမြို့နယ်၏ အရှေ့တောင်ပိုင်း တောင်တန်းဒေသ
  • ကယားပြည်နယ် တောင်ပိုင်း

ပကူးဒေသိယစကားများမှာ ရွှေကျင်၊ မော်ချီး၊ ကျောက်ကြီး၊ ဘောဂလိ တို့ဖြစ်ပြီး ကျေးရွာအလိုက် အမည်များ ဖြစ်သည်။

  • ကျောက်ကြီးနှင့် ရွှေကျင် ကို ကရင်ပြည်နယ်စပ်အနီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင်တွင် ပြောဆိုအသုံးပြုကြသည်။
  • မော်ချီးကို ကယားပြည်နယ်တွင် ပြောဆိုအသုံးပြုကြသည်။
  • ဘောဂလိကို ကရင်ပြည်နယ် မြောက်ပိုင်းတွင် ပြောဆိုအသုံးပြုကြသည်။

မိုးပွဘာသာစကား ကို သံတောင်ကြီးမြို့နယ်ရှိ သံတောင် အနောက်ဘက် တောင်ခြေရှိ ကျေးရွာ ၉ ရွာတွင် ပြောဆိုအသုံးပြုကြသလို[] ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင်လည်း အသုံးပြုကြသည်။

မိုးပွဒေသိယစကားများမှာ ပလေချီး (တောင်ပိုင်းမိုးပွ) နှင့် ဒါမူဟာ (တောင်ပိုင်းမိုးပွ) တို့ ဖြစ်ကြသည်။

Remove ads

ဒေသိယစကားများ

စကောကရင်ဘာသာစကားတွင် ဒေသိယစကား အနည်းဆုံး သုံးမျိုးရှိသည်။ ယင်းတို့သည် အချင်းချင်း အပြန်အလှန် နားလည်နိုင်ကြသော်လည်း မရင်းနှီးနိုင်သော စကားလုံးများ ပါဝင်နေနိုင်သည်။

  • မြောက်ပိုင်းဒေသိယစကား - ကယားပြည်နယ်၏ တောင်ပိုင်းဒေသိယစကားအဖြစ် သိကြပြီး ဘာသာစကား သို့မဟုတ် ဒေသိယစကားတွင် သံ မပါဝင်ပေ။ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသိယစကားများရှိ သံကို သံဖြင့် အစားထိုးအသုံးပြုသည်။ ဥပမာ တောင်ပိုင်းနှင့် အရှေ့ပိုင်းစကားတွင် မိုးသဘိုး ဟုပြောဆိုခြင်းကို မြောက်ပိုင်းဒေသိယစကားတွင် မိုးစဘိုး ဟူ၍ ပြောဆိုကြသည်။ ဤဒေသိယစကားတွင် စာရေးစနစ်အတွက် ရောမအက္ခရာကို အသုံးပြုသည်။
  • တောင်ပိုင်းဒေသိယစကား နှင့် အရှေ့ပိုင်း (ဘားအံ) ဒေသိယစကား - ဤဒေသိယစကားနှစ်ခုသည် အလွန်ဆင်တူသော်လည်း ဘာသာစကားကွဲပြားသော ဒေသတည်နေရာကြောင့် အချင်းချင်း နားမလည်နိုင်သော စကားလုံးများ ပါဝင်နေနိုင်သည်။ ဤဒေသိယစကားနှစ်ခုတွင် စာရေးစနစ်အတွက် မြန်မာအက္ခရာ ကို အသုံးပြုသည်။
  • ကရင်ဘာသာစကားတွင် ကွဲပြားသော လေယူလေသိမ်းများလည်း ရှိသည်။


အက္ခရာ

ကရင်အက္ခရာတွင် ဗျည်း ၂၅ လုံး၊ သရ ၉ လုံး၊ သံပြောင်းသင်္ကေတ ၅ ခုနှင့် ဗျည်းတွဲ ၅ ခု ပါဝင်သည်။ ကရင်အက္ခရာများသည် မြန်မာစာရေးစနစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကရင်စာရေးစနစ်တွင် ဘယ်မှညာသို့ ရေးသားပြီး လက်ရှိ အရေးစနစ်တွင် စကားစုများကြားတွင် ဖတ်ရှုရလွယ်ကူစေရန် နေရာချန်ထားကြသော်လည်း အမှန်တကယ်တမ်းတွင် စကားလုံးများကြားတွင် နေရာခြားရန် မလိုအပ်ပေ။

ဗျည်းအုပ်စုများ
က
k (kaˀ)

kh (kʰaˀ)

gh (ɣ)

x (x)

ng (ŋ)

s (s)

hs ()

sh (ʃ)

ny (ɲ)

t (t)

hṭ ()

d (d)

n (n)

p (p)

hp ()

b (b)

m (m)

y (ʝ)

r (r)

l (l)

w (w)

th (θ)

h (h)

vowel holder (ʔ)

ahh

သရများ

သရများ

ah (a)

ee (i)

uh (ɤ)

u (ɯ)

oo (u)

ae or ay (e)

eh (æ)

oh (o)

aw (ɔ)

သံပြောင်းသင်္ကေတများ

စကောကရင်ဘာသာစကားရှိ ဝဏ္ဏတိုင်းတွင် သရတစ်ခု ပါဝင်ပြီး တစ်လုံးတည်း သို့မဟုတ် ရှေ့တွင် ဗျည်းတစ်လုံး သို့ နှစ်လုံး ပါဝင်သည်။ ဝဏ္ဏတစ်ခုတွင် သရဖြင့် အမြဲအဆုံးသတ်သည်။

နောက်ထပ် အချက်အလက်များ သံပြောင်းသင်္ကေတ, ဖော်ပြချက် ...
  • Where no tone is marked, the syllable is pronounced with a rising inflection.

ဗျည်းနှစ်ဆင့်များ

ဗျည်းတစ်ခုနောက်တွင် အခြားဗျည်းတစ်ခုလိုက်ပြီး သရသံ မပါဝင်ပါက ဒုတိယဗျည်းကို သင်္ကေတအနေဖြင့် ကိုယ်စားပြုပြီး ပထမဗျည်းကို ဆက်ပေးသည်။

နောက်ထပ် အချက်အလက်များ ဗျည်းတွဲများ, စကောကရင် ...

ကရင်အက္ခရာ ရေးသားပုံ နမူနာများမှာ

  • + ခံ, /ki/ ဟု အသံထွက်
  • + + လံး, /li/ ဟု အသံထွက်
  • က + +ကၠိ, /kʝo/ ဟု အသံထွက်
  • က + + + ၣ်ကျိၣ်, /klo/ ဟု အသံထွက်
Remove ads

အက္ခရာ (လက်တင်)

ဗျည်းများ

ရောမစာရေးစနစ်ကို အခြေခံသော ကရင်အက္ခရာတွင် ဗျည်း ၂၄ လုံး၊ သရ ၉ လုံးနှင့် သံပြောင်းသင်္ကေတ ၅ ခု ပါဝင်သည်။

နောက်ထပ် အချက်အလက်များ စာလုံး ...
နောက်ထပ် အချက်အလက်များ စာလုံး ...

သရများ

နောက်ထပ် အချက်အလက်များ သရများ ...

သံပြောင်းသင်္ကေတများ

နောက်ထပ် အချက်အလက်များ Tones ...


Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads