စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း
From Wikipedia, the free encyclopedia
Remove ads
စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (Singapore Myanmar Vocational Training Institute,အတိုကောက်;SMVTI ) သည်ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းတွင် တည်ရှိသည်။ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရှိပြီးစင်ကာပူသမ္မတနိုင်ငံ နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရနှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု နှင့် ခင်မင်မှု အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ထားသော သက်မွေးပညာသင်တန်း ကျောင်းတစ်ကျောင်းဖြစ်သည်။[၁]
Remove ads
သမိုင်းကြောင်း
စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း တည်ဆောက်ရေး အတွက် အစိုးရနှစ်ရပ်ကြား နားလည်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ် ဧပြီလ (၇)ရက်နေ့ တွင် သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးတို့ ရေးထိုးခဲ့သည်။[၂] အဆိုပါ သင်တန်းကျောင်း ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၆)ရက် တွင် စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၅၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျောင်းဖွင့်ပွဲ အခမ်းအနားကို စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံး ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သည်။[၃]
Remove ads
သင်ကြားပေးနေသောဘာသာရပ်
စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း သည် အဓိကအားဖြင့် အင်ဂျင်နီယာဆိုင်ရာ နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ်များကို အဓိကထား သင်ကြားပေးနေသည်။ အဆိုပါဘာသာရပ်များ ကို လုပ်ငန်းခွင်အခြေအနေတိုင်း သင်ကြားပေးနေပြီး လက်တွေ့ ဦးစားပေးသင်ကြားပေးနေသော သင်တန်းကျောင်း ဖြစ်သည်။ သင်တန်းကာလမှာ (၆)လ တာကြာမြင့်ပြီး ဘာသာရပ်တန်းခွဲ တစ်ခု လျှင် ကျောင်းသားဦးရေ (၄၀)ဦး လက်ခံ သင်ကြားပေးလျက်ရှိပြီး စုစုပေါင်းကျောင်းသားဦးရေ (၄၀၀) လက်ခံသင်ကြားပေးနေသည်။ အဆိုပါ သင်တန်းကျောင်းမှ တစ်နှစ်လျှင် စုစုပေါင်းကျောင်းသားဦးရေ (၈၀၀)ကို မွေးထုတ်ပေးနေသည်။[၄]
အင်ဂျင်နီယာဆိုင်ရာဘာသာရပ်
- Electronic Technology
- Electronic (Computer Networking)
- Residential Air-Conditioning
- Building Fixtures & Equipment
- Mechatronices (Basic Servicing)
- General Welding
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ်
- Front Office Operations
- Housekeeping Operations
- Restaurant Operations
- Retail Operations[၅]
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads