စင်ကာပူ စံတော်ချိန်

From Wikipedia, the free encyclopedia

Remove ads

စင်ကာပူ စံတော်ချိန် (Singapore Standard Time (SST) သို့မဟုတ် Waktu Piawai Singapura (WPS) (တရုတ်: 新加坡标准时间)သည် စင်ကာပူနိုင်ငံတွင် အသုံးပြုသော စံတော်ချိန်ဖြစ်ပြီး GMT (UTC+08:00) ထက် ၈ နာရီ ရှေ့သို့စောသည်။

သမိုင်းကြောင်း

ဗြိတိသျှ မာလာယုလက်အောက်တွင်ရှိစဉ်က စင်ကာပူနိုင်ငံသည် မလေးရှား စံတော်ချိန်အား အသုံးပြုခဲ့ပြီး ဂရင်းနစ်စံတော်ချိန်ထက် ၇ နာရီ ၃၀ မိနစ်စောခဲ့သည်။

ဂျပန်တို့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီးနောက်ပိုင်းတွင် မာလာယုကျွန်းဆွယ်၌ ၁၅ ဖေဖော်ဝါရီ ၁၉၄၂ ခုနှစ်မှစ၍ GMT+9 တွင်ရှိသော တိုကျို စံတော်ချိန်ကို အသုံးပြုခဲ့သည်။ တရားဝင် ထုတ်ပြန်ကြေညာမှုများကို တိုကျိုစံတော်ချိန်အရ ပြုလုပ်ခဲ့သော်လည်း စင်ကာပူတွင် မတူညီသော စံတော်ချိန် ၂ ခုကို အသုံးပြုလျက်ရှိသည်။ စင်ကာပူရှိ အိမ်များတွင် ၎င်းတို့ သိမ်းပိုက်ခြင်းမခံရမီက စံတော်ချိန်အား အသုံးပြုလျက်ရှိပြီး ၎င်းတို့၏ လက်ပတ်နာရီများတွင် တိုကျိုစံတော်ချိန်အား အသုံးပြုကြသည်။

ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသွားပြီး မာလာယုကျွန်းဆွယ်သို့ ဗြိတိသျှတို့ ပြန်လည်ဝင်ရောက်လာချိန်တွင် စင်ကာပူ၌ စစ်မတိုင်မီက အချိန်ဇုန်အား အသုံးပြုခဲ့ကြသည်။

မလေးရှားနိုင်ငံ၏ စံသတ်မှတ်ချက်

၁၉၈၁ ခုနှစ်တွင် မလေးရှားနိုင်ငံတွင် နိုင်ငံ၏ နယ်မြေအားလုံး၌ စံအချိန်ဇုန်အဖြစ် သတ်မှတ်ခြင်းအားပြုလုပ်ခဲ့ပြီး UTC+08:00 အဖြစ်အသုံးပြုရန် ဆုံးဖြတ်ခဲ့ရသည်။ စင်ကာပူနိုင်ငံသည် ၎င်းတို့၏ အလုပ်ချိန်များနှင့် ခရီးသွားအချိန်များကို ထိုစံတော်ချိန်အား အသုံးပြုခဲ့သည်။ ထိုပြောင်းလဲမှု၏ အကျိုးသည် ၁ ဇန်နဝါရီ ၁၉၈၂ တွင် ၎င်းတို့ စံတော်ချိန်အား နာရီဝက်ရှေ့သို့တိုးခဲ့ပြီး GMT ထက် ရှေ့သို့ ၈ နာရီစောသော စံတော်ချိန်အား "စင်ကာပူစံတော်ချိန် (Singapore Standard Time)" (SST) အဖြစ်သတ်မှတ်ခဲ့ရာ ထိုစံတော်ချိန်သည် ဟောင်ကောင်၊ တိုင်ပေ၊ ဘေကျင်း၊ မနီလာ နှင့် ပါ့သ် စံတော်ချိန်များနှင့် တူညီခဲ့သည်။

အသုံးပြုခဲ့သော ကာလ

Time offset from GMT
၁ ဇွန် ၁၉၀၅ – ၃၁ ဒီဇင်ဘာ ၁၉၃၂ UTC+07:00
၁ ဇန်နဝါရီ ၁၉၃၃ – ၃၁ ဩဂုတ် ၁၉၄၁ UTC+07:20
၁ စက်တင်ဘာ ၁၉၄၁ – ၁၅ ဖေဖော်ဝါရီ ၁၉၄၂ UTC+07:30
၁၅ ဖေဖော်ဝါရီ ၁၉၄၂ – ၁၁ စက်တင်ဘာ ၁၉၄၅ UTC+09:00
  ၁၂ စက်တင်ဘာ ၁၉၄၅ – ၃၁ ဒီဇင်ဘာ ၁၉၈၁ UTC+07:30
၁ ဇန်နဝါရီ ၁၉၈၂ - လက်ရှိ UTC+08:00
Remove ads

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads