စင်ကိုးနားပင်

From Wikipedia, the free encyclopedia

စင်ကိုးနားပင်
Remove ads

စင်ကိုးနားပင်သည် ရူဗီအာစီး မျိုးရင်းဝင် အပင် ဖြစ်သည်။ ကာဖီပင်နှင့် မျိုးရင်းတူသည်။ ယင်း၏ ရုက္ခဗေဒအမည်မှာ 'စင်ကိုးနား အော့ဖီစင်နာလစ်' ဖြစ်သည်။ ထိုအပင်၏ အခေါက်ကို ကွီနိုင်ခေါ် ငှက်ဖျားရောဂါဆေး ဖော်ရာ၌ အသုံးပြုကြသည်။ စင်ကိုးနားပင်သည် အမြဲစိမ်း ပင်မျိုး ဖြစ်သည်။ အရွက်သည် ချောမွှတ်၏။ အကိုင်းအခက် များ၌ ဆိုင်၍ ပေါက်တတ်ကြ၏။ အရွက်ပုံမှာ ဘဲဥဖျားသွယ်ပုံ ဖြစ်၏။ အပွင့်သည် မွှေးကြိုင်၍ အရောင်မှာ အဖြူ၊ ပန်းရောင် နှင့် ခရမ်းရောင် ရှိ၏။

အချက်တိုများ စင်ကိုးနားပင်, မျိုးရိုးခွဲခြားခြင်း ...

စင်ကိုးနားပင်သည် တောင်အမေရိကတိုက်တွင် မူလပေါက် သည်။ အများအားဖြင့် အန်းဒီးတောင် အရှေ့ဘက်စောင်း အမြင့် ပေပေါင်း ၃ဝဝဝ မှ ၉ဝဝဝ ကြားတွင် အခြားသစ်ပင်များနှင့် ရော၍ အလေ့ကျပေါက်သည်။ စင်ကိုးနားပင် မျိုးပေါင်း အမြောက်အမြား ရှိသည်။ စင်ကိုးနားပင်ကို ပထမဦးဆုံး ပီးရူးနိုင်ငံနှင့် အက်ကွောဒေါနိုင်ငံတို့တွင် တွေ့ရသည်။ တောင်အမေရိကတိုက်သို့ စပိန်လူမျိုးများ မရောက်လာမီ အခါကပင် ထိုနယ်ရှိ တိုင်းရင်းသားများသည် စင်ကိုနားပင်ကို ဆေးအဖြစ် အသုံးပြုကြသည်ဟု ဆိုသည်။ ခရစ် ၁၆၃၈ ခုနှစ် တွင် ပီးရူးဘုရင်ခံချုပ်ကတော် ကောင့်တက် စင်ကိုးနားသည် ထိုအပင်၏ အခေါက်ကို စားသုံးခြင်းအားဖြင့် ငှက်ဖျားရောဂါ ပျောက်ကင်းကြောင်း သိရလေသည်။ ကောင့်တက် စင်ကိုး နားကို အစွဲပြု၍ ထိုအပင်ကို စင်ကိုးနားပင်ဟူ၍ ခေါ်ဝေါ်ကြ လေသည်။ ဘုရင်ခံချုပ်ကတော်သည် ထိုအပင်၏ တန်ဖိုးကို သိရှိသဖြင့် ထိုအပင်၏ အခေါက်များကို လိုက်လံ စုဆောင်း စေ၍ ငှက်ဖျားရောဂါ စွဲကပ်သူများအား ကုသစေသည်။

ဤသို့ဖြင့် စင်ကိုးနားသည် စပိန်နိုင်ငံသို့ ရောက်သွားသည်ဟု ဆိုသည်။ ထိုအခေါက်ကို ဂျက်ဇူးအစ်ခေါ် ခရစ်ယန်ဘုန်းကြီး များက လိုက်လံဝေငှသဖြင့် ထိုဘုန်းတော်ကြီးများကို အစွဲပြု၍ ဂျက်ဇူးအစ်အခေါက်ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ထို့ပြင် တစ်ခါတစ်ရံ ပီးရူးနိုင်ငံကို အစွဲပြု၍ မီရူးဗီယန်အခေါက်ဟူ၍ လည်း ခေါ်ဝေါ်တတ်ကြလေသည်။ ၁၉ ရာစုနှစ်အစသို့ ရောက် သောအခါ ထိုအခေါက်ကို အသုံးများလာ၍ လုံလောက်စွာပင် မရရှိကြတော့ပေ။ သဘာဝအလျောက် ပေါက်သော အပင်များ သည်လည်း မျိုးပြုတ်လုမတတ် ဖြစ်ကြသည်။ ထိုကြောင့် စင်ကိုးနားခေါက်ကို လုံလောက်စွာ ရရှိရေးအတွက် ထိုအပင်ကို စိုက်ပျိုးရန် အမျိုးမျိုး ကြိုးစားကြ၏။ ၁၉ ရာစုနှစ်အလယ်သို့ ရောက်သောအခါမှ စင်ကိုးနားပင် စိုက်ပျိုးရေးလုပ်ငန်းသည် ထမြောက်အောင်မြင်လေသည်။ ယခုအခါ စင်ကိုးနားပင်များကို အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ ဂျားဗားကျွန်း၊ အမေရိကတိုက် အပူပိုင်းဒေသများတွင် စိုက်ပျိုးကြသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads