စစ်ကိုင်းတိုင်းဒေသကြီး၏ အလံတော်

From Wikipedia, the free encyclopedia

စစ်ကိုင်းတိုင်းဒေသကြီး၏ အလံတော်
Remove ads

စစ်ကိုင်းတိုင်းဒေသကြီး၏ အလံတော် မှာ အဝါရောင်၊ အပြာရောင်နှင့် အနီရောင် နောက်ခံတွင် မဟာလယ်တီကျောက်စာနှင့် တိုင်းဒေသကြီး မြေပုံကို စက်ဝိုင်းတွင် ထည့်သွင်းရေးထိုးထားသည်။ အလံသစ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၂၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။[]

အချက်တိုများ အသုံးပြုခြင်း, ရွေးချယ်ခြင်း ...
Remove ads

အလံအဓိပ္ပာယ်

အလံတွင်ပါဝင်သော အဝါရောင်သည် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုခြင်း၊ အပြာရောင်သည် အေးချမ်းသာယာခြင်း၊ တရားဥပဒေစိုးမိုးခြင်းကို ကိုယ်စားပြုခြင်းနှင့် အနီရောင်သည် ရဲရင့်ခြင်းနှင့် သတ္တိရှိခြင်းကို ကိုယ်စားပြုသည်။ ထိုနောက်ခံတွင် မုံရွာမြို့ရှိ နှစ် ၉၀ ကျော် သက်တမ်းရှိ မဟာလယ်တီကျောက်စာနှင့် တိုင်းဒေသကြီး၏မြေပုံကို ထည့်သွင်းရေးဆွဲထားသည်။

သမိုင်းကြောင်း

Thumb
ယခင်စစ်ကိုင်းတိုင်းအလံ

၂၀၁၀ ခုနှစ် စစ်ကိုင်းတိုင်း အမည်မှ စစ်ကိုင်းတိုင်းဒေသကြီး သို့ပြောင်းလဲခဲ့ပြီးနောက် အလံသည် အနီရောင်နောက်ခံတွင် ခြင်္သေ့ရုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး စာတမ်းဖြင့် ဖြစ်သည်။

မုံရွာမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က အလံနှင့် လိုဂိုသစ်ကို အစားထိုး အသုံးပြုရန် ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်၌ အဆိုတင်သွင်းပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက လွှတ်တော်တွင် နှစ်ကြိမ်တင်သွင်းခဲ့သော်လည်း နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပြီး ၂၁ ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် သုံးကြိမ်မြောက် တင်သွင်းရာ၌ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် အလံသစ်နှင့် လိုဂိုကို အတည်ပြုခဲ့သည်။[] အလံနှင့် လိုဂို ပြောင်းလဲရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဒီဇိုင်းပြိုင်ပွဲ ခေါ်ယူခဲ့ပြီး အမှတ်ပေး ရွေးချယ်ခဲ့သော အလံ ၂ ခုနှင့် လိုဂို ၃ ခု အား လွှတ်တော် အမတ်များက မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။[] ဒီဇိုင်နာ ဒေါ်ခိုင်ဇာမွန်ရေးဆွဲထားသည့် စစ်ကိုင်းတိုင်းဒေသကြီး မြေပုံနှင့် လယ်တီ ကျောက်စာ ပုံရိပ်ပါသော အလံကို လွှတ်တော် အမတ် ၉၃ ဦးတွင် ၆၄ ဦးက ထောက်ခံမဲပေးခဲ့ကြသည်။[][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads