ခြင်္သေ့
နို့တိုက်သတ္တဝါ မျိုးစိတ် (ကြောင်မျိုးရင်းဝင်) From Wikipedia, the free encyclopedia
Remove ads
ခြင်္သေ့သည် ပင်သီရာ လီအို မျိုးစိတ်[၂](Panthera Leo)[၃] ဖြစ်၍ ကြောင်ကြီးမျိုးဖြစ်ပြီး၊ ကြောင်မျိုးရင်းဝင်များထဲ၌ ကျားပြီးလျှင် ဒုတိယအကြီးဆုံး ကြောင်မျိုးရင်းဝင်လည်းဖြစ်သည်။ ယခင်က အာရှတိုက်တွင်နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသော်လည်း အရေအတွက်လျင်မြန်စွာ တိုးပွားလာသော ကျားတို့ကြောင့် အာဖရိကတိုက်ဖက်သို့ ပြောင်းရွှေ့သွားကြသည်ဟု ယူဆရသည်။ ယခုအခါ အာဖရိကတိုက်တွင်သာ တွေ့နိုင်တော့သည်။ ခြင်္သေ့သည် ကျားထက်အရွယ်ငယ်သည်။ အကြီးဆုံး ခြင်္သေ့သည် အကြီးဆုံး ကျားထက် သေးငယ်သည်။ ခြင်္သေ့သည် တောဘုရင်ဖြစ်သည့်အားလျော်စွာ လွန်စွာဣန္ဒြေကြီးသည်။ ခြင်္သေ့သည် လွင်ပြင်တွင်ကျက်စားရန် သင့်လျော်သော သဘာဝရှိပြီး ကျားမှာမူ တောနက်ထဲတွင်ကျက်စားရန် သင့်လျော်သော သဘာဝရှိသည်။ ကျား နှင့် ခြင်္သေ့သည် မျိုးနွယ်တူသောကြောင့် မျိုးစပ်နိုင်သည်။ အဖက ကျား၊ အမိက ခြင်္သေ့ဖြစ်လျှင် ကျားခြင်္သေ့ ဟုခေါ်ပြီး အဖက ခြင်္သေ့၊ အမိက ကျားဖြစ်လျှင် ခြင်္သေ့ကျားဟု ခေါ်သည်။[၄]
Remove ads
သိပ္ပံနည်းကျ မျိုးရိုးခွဲခြားထားမှု
အောက်ပါ ဇယားကားချပ်သည် ဇီဝမျိုးခွဲပညာရှင်များမှ သိပ္ပံနည်းကျ ခွဲခြားထားသော မျိုးရိုးဇယားဖြစ်သည်။
ကြောင်မျိုးရင်း |
| ||||||||||||||||||||||||||||||||||||
(Felidae) |
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads