စစ်ကိုင်း ရုပ်စုံကျောင်း

From Wikipedia, the free encyclopedia

စစ်ကိုင်း ရုပ်စုံကျောင်း
Remove ads

စစ်ကိုင်း ရုပ်စုံကျောင်း သည် စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းတောင် တောင်အဆင်းကားလမ်းဘေး အရိယဝံသချောင်၌ တည်ရှိသည်။

အချက်တိုများ စစ်ကိုင်းရုပ်စုံကျောင်း, အချက်အလက်များ ...

အရိယဝံသချောင် ရုပ်စုံကျောင်းဆောင်ကို အင်းဝခေတ်ရေငုံဆရာတော်ကြီးထံမှာ ပညာသင်ကြားနေသော" ရှင်အရိယာဝံသ" ကိုယ်တော်၏ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုသည့်အတွက် အင်းဝဘုရင် ဒုတိယမင်းခေါင်မှ ကျောင်းဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက်ပိုင်း ပျက်စီးသွားသည့်ကျောင်းအား မူလလက်ရာမပျက် ပြန်လည်တည်ဆောက်ထားခြင်းဖြစ်သည်။

ပျက်စီးနေပြီဖြစ်သည့် ရုပ်စုံကျောင်းအား လွန်ခဲ့သော ၁၅-နှစ်ခန့်က သီတဂူဆရာတော်ကြီးမှ မူလလက်ရာမပျက် ပြုပြင်တည်ဆောက်ခဲ့သည်။ အဆိုပါကျောင်းမှာ ဆရာတော်တစ်ပါးတည်း သီတင်းသုံးနိုင်သည့်ကျောင်းဖြစ်၍ တစ်ပါးထိုင်ကျောင်းအဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ ကျောင်းအဆောက်အအုံကို ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ်တော်ဇာတ်ရုပ်များ၊ ကနုတ်ပန်းလက်ရာများဖြင့် တည်ဆောက်ထားသည့် သစ်သားထည်ရုပ်စုံကျောင်းအဖြစ် မြန်မာမှုလက်ရာများဖြင့် တည်ဆောက်ထားသည်။ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့သော ရုပ်စုံကျောင်းသက်တမ်းသည် နှစ်ပေါင်း ၇၀ဝ နီးပါးခန့်ရှိပြီ ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခရီးသွားနေရာတစ်နေရာအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လာရောက်လည်ပတ်သူ၊ လေ့လာသူများ နေ့စဉ်ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads