စည်သူအောင်

မြန်မာလက်ရွေးစင် ကွင်းလယ်ကစားသမားတစ်ဦး From Wikipedia, the free encyclopedia

Remove ads

စည်သူအောင် (၁၉၉၆ နိုဝင်ဘာ ၁၆ ရက်ဖွား) သည် မြန်မာနိုင်ငံမှ ကွင်းလယ်ဘောလုံးကစားသမားတစ်ဦး ဖြစ်သည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရန်ကုန်ယူနိုက်တက်ဘောလုံးအကယ်ဒမီကျောင်းတွင် ပညာသင်ယူခဲ့သည်။ ၂၀၁၃ ၌ အသက် ၁၆ နှစ်ပြည့်ပြီး ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတွင် စတင်ကစားခွင့်ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍ ရတနာပုံ ဘောလုံးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိတွင် မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် ရတနာပုံ ဘောလုံးအသင်းတွင် ကစားနေပါသည်။

အချက်တိုများ ကိုယ်ရေးအချက်အလက်များ, အမည် အပြည့်အစုံ ...

၂၀၁၄ ဇွန်လတွင် စည်သူအောင်သည် ရတနာပုံ ဘောလုံးအသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၈ လအတွင်း ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၏ တတိယမြောက်ကစားသမား ဖြစ်ခဲ့သည်။စည်သူအောင်သည်ယခုမြန်မာ့လက်ရွှေးစင်အသင်းမှအနားယူခဲ့ပြီးဖြစ်သည်။

Remove ads

မြန်မာယူ၂၃ အသင်းခေါင်းဆောင်စည်သူအောင်

စည်သူအောင်ကို ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့မှာ အဖ ဦးမြင့်စိုး၊ အမိ ဒေါ်မြင့်ကြည်တို့က မွေးဖွားခဲ့သည်။ တစ်ဦးတည်းသောသားဖြစ်ပြီး ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ ပရိဘောဂလုပ်ငန်းလုပ်ကိုင်ကြသည်။ အသက် ၁၃ နှစ်အရွယ်တွင် ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၌ စကစားခဲ့သည်။ ၂၀၁၂ ခုနှစ်မှာ အသက် ၁၆ နှစ်ပြည့်ပြီး ဘောလုံးပညာနဲ့ စတင်အသက်မွေးခဲ့သည်။ အရပ်အမြင့် ၁၆၇ စင်တီမီတာ (၅ ပေ ၅ လက်မခွဲ) ဖြစ်ပြီး လက်ရှိရတနာပုံအသင်း၏ ကွင်းလယ်ဖန်တီးရှင်ကစားသမားဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်း၏ လူငယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ ဒုတိယရာသီဝက်မှာ ရတနာပုံအသင်းကို ပြောင်းရွှေ့ခဲ့သည်။

၂၀၁၃ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ AFF ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ရန် မြန်မာယူ-၁၉ လက်ရွေးစင်အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်နေပြည်တော်ဆီးဂိမ်းတွင် မြန်မာယူ-၂၃ လက်ရွေးစင်အဖြစ်လည်းကောင်း၊ ၂၀၁၅ စင်ကာပူဆီးဂိမ်းတွင် မြန်မာယူ-၂၃ လက်ရွေးစင်အဖြစ် ထပ်မံ ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၅ ဆီးဂိမ်းတွင် ယူ-၂၃ လက်ရွေးစင်အသင်းလိုက်အနေနဲ့ ငွေတံဆိပ်ဆုရရှိခဲ့သလို၊ ဂိုးအများဆုံးဆုရှင်အဖြစ် ထိုင်း အသင်း မှ Chananan Pombuppha၊ ဗီယက်နမ်အသင်းမှ Vo Huy Toan တို့နှင့်အတူ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။ စည်သူအောင်အနေနဲ့ စင်ကာပူဆီးဂိမ်းပြိုင်ပွဲအတွင်းမှာ အင်ဒိုနီးရှားအသင်းကို ၂ ဂိုး၊ ဖိလစ်ပိုင်အသင်းကို ၁ ဂိုး၊ ကမ္ဘောဒီးယားအသင်းကို ၁ ဂိုး၊ ဗီယက်နမ်အသင်းကို ၁ ဂိုး စုစုပေါင်း သွင်းဂိုး ၅ ဂိုးသွင်းယူခဲ့ကာ ပြိုင်ပွဲတစ်လျောက်တွင် ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အဖြစ် ၂၀၁၄ ခုနှစ် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ AFF Peace Cup ဘောလုံးပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ကစားထားခဲ့ပြီးဆုဖလားရရှိခဲ့သော မြန်မာလက်ရွေးစင် ကစားသမား တယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ် AFC ဘောလုံးပြိုင်ပွဲကို ရန်ကုန်ယူနိုက်တက်အသင်းကစားသမားအဖြစ်၎င်း၊ ၂၀၁၅ ခုနှစ် AFC ပြိုင်ပွဲကိုတော့ ရတနာပုံအသင်း ၏ ကစားသမားတစ်ဦးအဖြစ်၎င်း ကစားထားသူဖြစ်သည်။ ပြည်တွင်းအောင်မြင်မှုအနေနဲ့ မြန်မာနေရှင်နယ်လိဂ်ကို ၆ ကြိမ်ရရှိဖူးပြီး ရန်ကုန်ယူနိုက်တက်နှင့် ၂၀၁၁, ၂၀၁၂, ၂၀၁၃ခုနှစ်မှာသုံးကြိမ်၊ ရတနာပုံအသင်း နှင့် ၂၀၁၄၊ ၂၀၁၆ တွင်နှစ်ကြိမ်၊ ရှမ်းအသင်းနှင့် ၂၀၂၂ တွင်တစ်ကြိမ်ရရှိထားသည် ။ သွင်းဂိုးတွေအနေနဲ့ကတော့ မြန်မာယူ-၁၉ အဆင့်မှာ ၅ ပွဲကစား ၁ ဂိုး သွင်းယူထားခဲ့ပြီး၊ မြန်မာယူ-၂၃ အဆင့်မှာ ၁၂ ပွဲကစား ၅ ဂိုး သွင်းယူထားခဲ့ပါတယ်။ ကမ္ဘာဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုပွဲ ၁၁ ပွဲကစားထားပြီး၊ ၃ ဂိုး သွင်းယူထားပါတယ်။ (၂၀၁၇-၀၃-၂၁) နေ့အင်ဒိုနီးရှားနဲ့ချစ်ကြည်ရေးပွဲမှာ ၁ ဂိုးသွင်းယူထားပြီး(၂၀၁၇-၀၆-၁၃) နေ့အာရှဖလား ၂၀၁၉ အတွက်မကာအိုနဲ့ပွဲမှာ ၂ ဂိုး သွင်းယူခဲ့သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads