ရတနာပုံ ဘောလုံး အသင်း
မန္တာလေးတိုင်းဒေသကြီးကိုယ်စားပြု မြန်မာဘောလုံးကလပ် အသင်း From Wikipedia, the free encyclopedia
Remove ads
ရတနာပုံ ဘောလုံးအသင်းသည် ၂၀၀၉ ခုနှစ် မြန်မာအမျိုးသားလိဂ် စတင်ချိန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုဖွဲ့စည်းတိုင်ထောင်ခဲ့သည်။ အိမ်ကွင်းမှာ မန္တလေးမြို့ ဗထူး အားကစားကွင်း ဖြစ်သည်။ အသင်း၏ ပိုင်ရှင်မှာ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းဖြစ်သည်။ အသင်း အုပ်ချုပ်သူမှာ ဦးစိုးမိုးလှိုင် ဖြစ်ပြီး အသင်းခေါင်းဆောင်မှာ အောင်ကျော်မိုး ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
မြန်မာနေရှင်နယ်လိဂ် စတင်သည့် ၂၀၀၉ ခုနှစ်တွင် ဗိုလ်စွဲခဲ့သည်။ ရတနာပုံအသင်းအနေဖြင့် ပထမဦးဆုံး မြန်မာအမျိုးသားလိဂ်ပွဲအဖြစ် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ဆောက်သမ်းမြန်မာ ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခြင်း ဖြစ်ပြီး ရတနာပုံဘောလုံးအသင်းက ၂−၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ပထမဦးဆုံး ရတနာပုံအသင်းအတွက် ဂိုးကို တိုက်စစ်မှူး ရန်ပိုင်က ပွဲချိန် ၂၈ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲအား ရန်ကုန်မြို့ ရှိ လူငယ်အားကစား လေ့ကျင့်ရေးကွင်း (သုဝဏ္ဏ) တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကာ ပွဲချိန် မိနစ် ၉၀ အတွင်း ၂-၂ ဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူကာ ရတနာပုံဘောလုံးအသင်းက ၄−၁ ဂိုးဖြင့် ပထမဦးဆုံး မြန်မာအမျိုးသားလိဂ် ချန်ပီယံဆုဖလားကြီးအား ဆွတ်ခူးရရှိခဲ့သည်။
၂၀၀၉ ခုနှစ် မြန်မာအမျိုးသားလိဂ်တွင် အနိုင်ရဗိုလ်စွဲခဲ့သောကြောင့် 2010 AFC President Cup (၂၀၁၀ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီး အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ တွင်လည်း အနိုင်ရဗိုလ်စွဲ ခဲ့သည်။ အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ်ဖလား အား အုပ်စုပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်များအား ရတနာပုံဘောလုံးအသင်းမှ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိကာ ရန်ကုန်မြို့ ရှိ လူငယ်လေ့ကျင့်ရေးကွင်း (သုဝဏ္ဏ) တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
၂၀၁၄ ခုနှစ်က မြန်မာအမျိုးသားလိဂ် ချန်ပီယံအသင်း ရတနာပုံ နဲ့ အူရီးဒူး ရှုံးထွက်ချန်ပီယံ အသင်း ဧရာဝတီယူနိုက်တက်တို့သည် ၂၀၁၅ ခုနှစ် ဘောလုံးရာသီမစတင်မီ Charity Cup ကို ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း မှာ ယှဉ်ပြိုင်ပြုလုပ်ခဲ့ရာ ဧရာဝတီယူနိုက်တက် ဘောလုံး အသင်းက ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
Remove ads
အောင်မြင်မှုများ
- မြန်မာအမျိုးသားလိဂ်ဖလား
- ၂၀၀၉
- ၂၀၀၉ - ၂၀၁၀
- မြန်မာအမျိုးသားလိဂ်
- ၂၀၀၉
- ၂၀၁၀
- ၂၀၁၄
- ၂၀၁၆
- အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား (AFC President's Cup)
အာရှအဆင့်ဘောလုံးပြိုင်ပွဲများတွင် စွမ်းဆောင်နိုင်မှုများ
- AFC Champion League
- ၂၀၁၅ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်
- ၂၀၁၇ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်
- AFC Cup
- ၂၀၁၅ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်
- ၂၀၁၇ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်
- AFC President's Cup
- ၂၀၁၀ ခုနှစ်တွင် ချန်ပီယံ ဖြစ်ခဲ့သည်
- ၂၀၁၁ ခုနှစ်တွင် နောက်ဆုံးအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။
အိမ်ကွင်း
ရတနာပုံဘောလုံးအသင်း၏ အိမ်ကွင်းမှာ ဗထူး အားကစားကွင်း ဖြစ်ပြီး မန္တလေးမြို့တွင် အခြေစိုက်သည်။
၂၀၁၉ ရာသီအတွက် လူစာရင်း
Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads