စထရာတိုစဖီးယား အလွှာ

From Wikipedia, the free encyclopedia

Remove ads

စထရာတိုစဖီးယားအလွှာ (stratosphere) သည် ကမ္ဘာ့လေထုတွင် ဒုတိယမြောက် အဓိက အလွှာဖြစ်ပြီး ထရိုပိုစဖီးယား အလွှာ ၏ အထက်တွင် ရှိကာ မီဆိုစဖီးယား အလွှာ၏ အောက်တွင် ရှိသည်။ ၎င်း၏ အပူချိန်မှာ အထက်ပိုင်းတွင် ပူနွေးပြီး အောက်ပိုင်းတွင် ပို၍ အေးသည်။ ထို အဖြစ်အပျက်မှာ ကမ္ဘာ့မြေမျက်နှာပြင် အနီးရှိ ထရိုပို စဖီးယား အလွှာနှင့် ပြောင်းပြန် ဖြစ်ပြီး ထရိုပိုစဖီးယား အလွှာတွင် အထက်ပိုင်းတွင် အေးမြကာ အောက်ပိုင်းတွင် ပူနွေးသည်။ ထရိုပိုစဖီးယား အလွှာနှင့် စထရာတို စဖီးယား အလွှာတို့၏ နယ်နိမိတ်ကို ထရိုပိုပေါ့စ် ဟု ခေါ်သော ပြောင်းပြန်ဖြစ်ပျက်မှု အစနေရာတွင် သတ်မှတ်သည်။ လေထုဆိုင်ရာ သာမိုဒိုင်းနမစ် အရ ဆိုလျှင် ထိုနေရာသည် အားမျှ အခြေအနေ ဖြစ်သည်။ စထရာတိုစဖီးယား အလွှာသည် လတ္တီကျု အသင့်အတင့် ရှိသော နေရာတွင် ကမ္ဘာ့မြေမျက်နှာပြင် အထက် ၆မိုင် (၁၀ ကီလိုမီတာ) နှင့် ၃၀ မိုင် (၅၀ ကီလိုမီတာ) ကြားတွင် ရှိပြီး ဝင်ရိုးစွန်း ဒေသတွင်မူ ၅မိုင် (၈ ကီလိုမီတာ) မှ စတင်သည်။

Thumb
စထရာတိုစဖီးယား အလွှာကို ပြထားသော လေထုပုံ။ အလွှာများကို စကေးကိုက် ဆွဲထားသည်။ ကမ္ဘာ့မျက်နှာပြင်မှ စထရာတို စဖီးယား၏ ထိပ် (၅၀ ကီလိုမီတာ) အထိသည် ကမ္ဘာမြေပြင် အချင်းဝက်၏ ၁ ရာခိုင်နှုန်းမျှသာ ရှိသည်။ (အကျယ်ချဲ့ရန် ပုံကိုနှိပ်ပါ)
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads