ရှင်မုနိန္ဒ (စလင်းသာသနာပိုင်ဆရာတော်)
From Wikipedia, the free encyclopedia
Remove ads
ရှင်မုနိန္ဒ (၁၀၂၅ - ၁၂၀၂) (စလင်းသာသနာပိုင်ဆရာတော်) သည် ထင်ရှားကျော်ကြားသည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝ
ဆရာတော်ကို ၁၁၂၅ ခုနှစ်တွင် စကုမြို့အဝင် ကန့်ကလာရွာတွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ အသည်ကြီး မောင်ညိုသီလ၊ ရှင်မိတို့ ဖြစ်သည်။ ငယ်မည်မှာ မောင်ချစ်လောက် ဖြစ်သည်။ ဆရာတော်ကို ဖွားစဉ်အခါက လောက်ကောင်ငယ်များ ပါသည့်အတွက် မောင်ချစ်လောက်ဟု အမည်မှည့်သည်ဟု အချို့က ဆိုကြသည်။
မောင်ချစ်လောက်သည် ခုနစ်နှစ်သားအရွယ်ရောက်မှ စကားစပြော၏။ သို့သော် ဉာဏ်ပညာအလွန်ထက်၏။ ငယ်စဉ်က ကြက်သွန်ခင်းဆရာတော်၏ တပည့် ရှင်မေဒိယထံတွင် ပညာသင်ကြား၍ သာမဏေဝတ်ခဲ့သည်။ ဘွဲ့အမည်မှာ ရှင်ပညာသီဟ ဖြစ်သည်။
၁၁၄၆ ခုနှစ်တွင် ရဟန်းပြုခဲ့သည်။ ပန်းလွှားဆရတော် ရှင်ဂုဏဝန္ထထံတွင် စာပေများ သင်ယူခဲ့သည်။ ဆရာတော်၏ ချီးမြှောက်ခြင်းကို ခံခဲ့ရ၍ ၁၁၅၅ ခုနှစ်တွင် ဥဘတောဝိဘင်းကို သုဓမ္မာသဘင်တွင် ပြန်ဆိုနိုင်ခဲ့သည်။ ၁၁၇၈ ခုနှစ်[မှတ်စု ၁]တွင် ဘိုးတော်ဘုရားသည် နေပြည်တော်သို့ ပင့်ဆောင်ကာ သိက္ခာထပ်ခဲ့သည်။ ၁၁၈၁ ခုနှစ်တွင် ဘကြီးတော်မင်းသည် မအရပုရမြို့၊ အာသောကာရမတိုက်ရတနာဘုံကျော်ကျောင်းကို လှူခဲ့သည်။ ၁၁၈၂ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်နေ့တွင် သာသနာပိုင်ဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ မုနိန္ဒာဘိ သီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့တံဆိပ်တော်[မှတ်စု ၂] ကပ်လှူခြင်း ခံခဲ့ရသည်။
ထို့နောက် အင်းဝမြို့တော်၊ မဟာအောင်မြေဘုံသာကျောင်းတော်ကိုလည်း အလှူတော်ခံ ရခဲ့သည်။ မုနိန္ဒာဘိဝံသဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ထပ်မံရခဲ့သည်။ ထို့နောက် မဟာဘုံကျော်ကျောင်းတိုက်နှင့် မုနိန္ဒာဘိဝံသဓမ္မသေနာပတိသီရိသဒ္ဓမ္မပါလ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်နှင့်တကွ ရတနာဘုံကျော်ကျောင်းတော်ကြီးကို မွမ်းမံလှူဒါန်းခဲ့ပြန်သည်။[၁]
Remove ads
ပျံလွန်တော်မူခြင်း
ဆရာတော်သည် ၁၂၀၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။ ၎င်းတို့မှာ -
၁။ အဘိဓမ္မာဝတာရအဋ္ဌကထာနိသျသစ်၊
၂။ ရာဇိန္ဒရာဇပုညဒီပနီ၊
၃။ အဘိဓမ္မတ္ထသင်္ဂဟဒီပနီ၊
၄။ ပရိတ်ကြီး။[၁]
မှတ်စု
- သာသနာလင်္ကာရ ၁၉၉ အရ ၁၁၄၈ ခုနှစ်တွင် သာသနာပြုဆရာတော် တစ်ကျိပ်နှစ်ပါးခန့်အပ်ရာ၌ စလင်းဆရာတော်ပါဝင်သဖြင့် ထိုစဉ်ကပင် နေပြည်တော်သို့ ရောက်အံ့သို့ ရှိသည်။ သို့ရာတွင် သာသနာလင်္ကာရ ၂၁၂ ၌ပင် စလင်းမြို့ဇာတိ ရှင်ပညာသီဟကို ကျမ်းဂန်တတ်လှသဖြင့် ဘကြီးတော်နန်းတက်သော ၁၁၈၁ ခုနှစ် စလင်းမြို့မှ အမရပုရနေပြည်တော်သို့ ပင်ဆောင်၍ ကျောင်းတင်လှူဒါန်းကြောင်း တံဆိပ်တော် ဆက်ကပ်ကြောင်းများကို ဖော်ပြထားသည်။ ထို့ကြောင့် သာသနာပြု စလင်းဆရာတော်မှာ တစ်ပါး ဖြစ်ဖွယ်ရှိသည်။
- ပိဋကတ်တော်သမိုင်း၌ မုနိန္ဒာဘိဝံသ သီရိပဝရာလင်္ကာရဓမ္မသေနာပတိမဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့ ရသည်ဟု ဆိုသည်။ မင်းတုန်းမင်းလက်ထက်တွင် အရှေ့ပြင် မဟာဝိဇိတာရာမတိုက် စလင်းဆရာတော် ရှင်ကေတုမာလာ (ကေတုမာလာဘိဓဇအတုလာဓိပတိသီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု) ဆရတာ မင်းတုန်းမင်းလက်ထက်တွင် အရှေ့ပြင် မဟာဝိဇိတာရာမတိုက် စလင်းဆရာတော် ရှင်ကေတုမာလာ (ကေတုမာလာဘိဓဇအတုလာဓိပတိသီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု) ဆရာတော်ဟုလည်း ရှိသေးသည်။ ထိုဆရာတော်မှာ သုဓမ္မာဆရာတော်ရှစ်ပါးတွင် အပါအဝင် ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads