စိန့်ပီတာဘုရားရှိခိုးကျောင်းတော်ကြီး
From Wikipedia, the free encyclopedia
Remove ads
စိန့်ပီတာဘုရားရှိခိုးကျောင်းတော်ကြီး (အီတလီ: Basilica Papale di San Pietro in Vaticano) သည် ဗာတီကန်စီးတီးတွင် တည်ရှိသော ပုပ်ရဟန်းမင်းကြီး၏ ဘုရားရှိခိုးကျောင်းတော်ကြီး တစ်ခုဖြစ်ပြီး ကက်သလစ်အသင်းတော်၏ အရေးအပါဆုံး ဘာသာရေးနယ်မြေများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရသည်။ ဤနေရာသည် ယေရှုခရစ်တော်၏ တမန်တော်များတွင် အထွတ်အမြတ်ထားခံရသော စိန့်ပီတာ၏သင်္ဂြိုဟ်ရာနေရာဟု ယုံကြည်ရသည်။

စိန့်ပီတာဘုရားရှိခိုးကျောင်းတော်ကြီးသည် မဟာပုပ်ဘုရားရှိခိုးကျောင်းတော်ကြီး (papal major basillica) အဆင့်ရှိ ကမ္ဘာ့ဘုရားရှိခိုးကျောင်းလေးခုတွင် ရောမမြို့ရှိ အာ့ခ်ဘာစီလီကာ စိန့်ဂျွန် လတ္တရန် (Archbasilica of Saint John Lateran) ပြီးလျှင် ဒုတိယအဆင့်ရှိသည်။ ထိုဘုရားရှိခိုးကျောင်းကြီးလေးခုစလုံးသည် ရောမမြို့တွင် တည်ရှိသည်။ ၎င်းသည် ရောမမြို့၏ ဘုရားဖူးဘုရားရှိခိုးကျောင်းခုနစ်ခုတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ လူအများ မှားယွင်းစွာ ယူဆနေကြသည်နှင့် မတူညီစွာ ၎င်းသည် ဘိရှော့၏ ရုံးစိုက်ရာနေရာ မဟုတ်သောကြောင့် ကက်သီဒြယ် (Cathedral) ဘုရားရှိခိုးကျောင်း မဟုတ်ပေ။
သမိုင်းကြောင်းအရ မူလဘုရားရှိခိုးကျောင်းကို ရောမဧကရာဇ် ပထမကွန်စတန်တိုင်း I ၏ အမိန့်ဖြင့် စတုတ္ထရာစုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၂ ရာစုနှစ်ကျော် ရပ်တည်ခဲ့သည်။[၄] လက်ရှိ ဘုရားရှိခိုးကျောင်းတော်ကြီးကိုမူ ၁၅၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၆၂၆ ခုနှစ်တွင် ပြီးစီးခဲ့ကာ ရီနေဆွန်းနှင့် ဘားရို့ခ် ဗိသုကာလက်ရာများ၏ အထင်ရှားဆုံး ဥပမာများထဲမှ တစ်ခုအဖြစ် မှတ်ယူကြသည်။[၃][၄] ဗိသုကာပညာရှင်များစွာ ပါဝင်ခဲ့ကြပြီး ထင်ရှားသူများထဲတွင် ဒိုနာတို ဘရာမန်တေ (Donato Bramante)၊ မိုက်ကယ်အန်ဂျလို (Michelangelo)၊ ကာလို မာဒါနို (Carlo Maderno) နှင့် ဂျီယန် လိုရန်ဇို ဘာနီနီ (Gian Lorenzo Bernini) တို့ ပါဝင်သည်။[၂] မိုက်ကယ်အန်ဂျလိုသည် ၎င်း၏ ခမ်းနားကြီးကျယ်သော ခေါင်မိုးပုံစံကို အဓိကရေးဆွဲခဲ့သူဖြစ်သည်။
စိန့်ပီတာဘုရားရှိခိုးကျောင်းတော်ကြီးသည် ကမ္ဘာ့အကြီးဆုံး ဘုရားရှိခိုးကျောင်းများထဲမှ တစ်ခုဖြစ်ပြီး ကြီးမားသော အတွင်းပိုင်းဧရိယာကို ပိုင်ဆိုင်သည်။ ဘုရားရှိခိုးကျောင်းအတွင်း၌ ထင်ရှားကျော်ကြားသော အနုပညာလက်ရာများစွာ တည်ရှိပြီး မိုက်ကယ်အန်ဂျလို၏ "ပီယဲတာ" (Pietà) နှင့် ဘာနီနီ၏ ကြေးဝါ "ဗာလ်ဒါကီနို" (Baldacchino) တို့မှာ အထင်ရှားဆုံးဖြစ်သည်။
၎င်းသည် ကက်သလစ်ဘာသာဝင်များအတွက် အရေးပါသော ဘုရားဖူးရာနေရာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် ဦးဆောင်သော ဘာသာရေးအခမ်းအနားများ မကြာခဏ ကျင်းပပြုလုပ်လေ့ရှိသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads