စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်နိုင်ငံ

From Wikipedia, the free encyclopedia

စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်နိုင်ငံmap
Remove ads

စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်နိုင်ငံသည် အန်တေးလ်ကျွန်းငယ်များ အစုအဝေးတွင် ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီ: လေညာကျွန်းများ၏ တောင်ဘက်အပိုင်းတွင် ရှိကြသည်။ ထိုနေရာမှာ ကာရစ်ဘီယံ ပင်လယ်၏ အတ္တလန္တိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော အရှေ့ဘက် နယ်နိမိတ်၏ တောင်ဘက် အစွန်းတွင် တည်ရှိသည်။ ၎င်း၏ ၃၈၉-စတုရန်း ကီလိုမီတာ (၁၅၀ စတုရန်းမိုင်) ကျယ်ဝန်းသော နယ်မြေတွင် ကျွန်းမကြီး ဖြစ်သော စိန့်ဗင်းဆင့် ကျွန်းနှင့် ဂရိနေဒိုင်ကျွန်းများ၏ မြောက်ဘက် ၃ ပုံ ၂ပုံ ပါဝင်သည်။ ဂရိနေဒိုင်ကျွန်းများသည် ကျွန်းငယ်ကလေးများ ဖြစ်ကြပြီး စိန့်ဗင်းဆင့်ကျွန်းမှ ဂရိနေဒေါနိုင်ငံ အထိ တောင်ဘက်သို့ ဆန့်လျက် တည်ရှိကြသည်။ စိန့်ဗင်းဆင့်၏ မြောက်ဘက်တွင် စိန့်လူစီယာနိုင်ငံ ရှိပြီး အရှေ့ဘက်တွင် ဘာဘေးဒိုးစ်နိုင်ငံ ရှိသည်။ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်သည် လူဦးရေ သိပ်သည်းမှု အလွန်များပြီး လူဦးရေ ၁ သိန်း ၂ သောင်းမျှ ရှိကာ ၁ စတုရန်း ကီလိုမီတာတွင် လူဦးရေ ၃၀၀ မျှ နေထိုင်ကြသည်။ မြို့တော်မှာ ကင်းစ်တောင်းမြို့ ဖြစ်ပြီး အဓိက ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်သည် ပြင်သစ်နှင့် ဗြိတိသျှတို့၏ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ဖူးသော သမိုင်းကြောင်း ရှိခဲ့ပြီး ယခုအခါတွင် အရှေ့ကာရစ်ဘီယံနိုင်ငံများ အစည်းအရုံး၊ CARICOM၊ ဓနသဟာယနိုင်ငံများ အဖွဲ့နှင့် အမေရိကား ဘိုလီးဗေးရီးယန်း မဟာမိတ် အဖွဲ့တို့တွင် ပါဝင်သည်။

အချက်တိုများ စိန့်ဗင်းဆင့်နှင့်ဂရိနေဒိုင်, မြို့တော် နှင့် အကြီးဆုံးမြို့ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads