စိန်ရတု

နှစ် ၆၀ ပြည့် အထိမ်းအမှတ်ပွဲ From Wikipedia, the free encyclopedia

Remove ads

စိန်ရတု (Diamond Jubilee)သည် အနောက်တိုင်းက အနှစ် ၆၀ ပြည့်ကို ညွှန်းသော်လည်း၊ မြန်မာကမူ ၇၅ နှစ်ပြည့်ကို ညွှန်းသည်။

မြန်မာ့စိန်ရတုများ

  1.  ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၇၅ နှစ်ပြည့် စိန်ရတုသဘင်အား ကျင်းပခဲ့ပြီး အစိုးရမှ ကျပ်သိန်း ၆၃၀ တန် စိန်ရတုခန်းမကို ဆောက်လုပ်ခဲ့သည့်အပြင် အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုးလည်း ထုတ်ဝေခဲ့သည်။
  2. ၁၉၉၅ ခုနှစ် တွင် မြို့မကျောင်း၏ ၇၅ နှစ်ပြည့် စိန်ရတု ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့သည်။
  3. မော်လမြိုင်ကျွန်းမြို့မ ကျောင်းကြီး(ယခု အထက-၁)ကို မြို့အဆင့်သို့ရောက်ရှိပြီး ၃၄နှစ်အကြာ၁၉၃၃ခုနှစ် တွင်တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် စိန်ရတုကာလပင်ကျော်လွန်ခဲ့ပြီဖြစ်သည်။
  4. ကန်တော်ကြီး အမျိုးသာ ရုက္ခဗေဒ ဥယျာဉ်၏ စိန်ရတု အခမ်းအနားကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၄ မှ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည်။
  5. လူထု ဒေါ်အမာသည် ၁၉၉၅ မန္တလေးမြို့ ဗဟို အမျိုးသားကျောင်း ကျောင်သား ဟောင်းများ ဦးစီး ထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။
  6. ဆရာဦးကိုကို နောက်ဆုံးရေးပေးခဲ့သော သီချင်းသည် ရန်ကုန် တက္ကသိုလ် ဂျပ်ဆင်ဘုရားကျောင်း စိန်ရတုအတွက် ခရစ် ယာန် ဓမ္မတေး ၁ဝ ပုဒ် ဖြစ်သည်။
  7.  မြန်မာအမျိုးသမီးများထဲတွင် ပထမဆုံး B.Sc ဘွဲ့ရရှိသူ ခင်ဦးဇွန်းသည် ၁၉၆၀ ပြည့်နှစ်က ခင်ပွန်းနှင့် အတူ လမ်းမတော် ဦးနောဇရပ်၌ နှစ် ၆၀-ပြည့် စိန်ရတုမင်္ဂလာပွဲ လုပ်ခဲ့သည်။
  8. ဦးဝင်းတင်သည် ၂၀၀၅ ခုနှစ် မတ်လတွင် ၇၅ နှစ်မြောက် စိန်ရတုမွေးနေ့ပွဲ ပြုလုပ်သည်။
  9. ဒေါက်တာသန်းဦးသည် မြို့မကျောင်းစိန်ရတု (၁၉၂၀-၁၉၉၅) ကျင်းပရာတွင် ဦးစီးနာယကအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။
  10. စာရေးဆရာ ဒါရိုက်တာ မောင်နေမျိုးသည် ရုပ်ရှင် အဖွဲ့အစည်းတွင် ရုပ်ရှင် အစည်းအရုံး ဇာတ်လမ်း ဇာတ်ညွှန်း အတွင်းရေးမှူးနှင့် ၁၉၉၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်ပွဲ၌ တက်ကြွစွာ ပါဝင်ခဲ့ပြီး ရုပ်ရှင်သမိုင်း ပြုစုရေး တာဝန် ယူခဲ့သည်။ မြန်မာ့ရုပ်ရှင် စိန်ရတု အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ဝေခဲ့သည်။
Remove ads

ပြည်ပစိန်ရတုများ

  1. ဝိတိုရိယဘုရင်မသည် ၁၈၉၇ ခုနှစ်တွင် နန်းသက်အနှစ်ခြောက်ဆယ်မြောက် စိန်ရတု သဘင်ပွဲတော် ကျင်းပသည့်အခါ မင်းပွဲသို့ တက်ရောက်၍ ပြည်သူလူထု၏ ကောင်းချီးဩဘာပေးခြင်းကို ခံယူသည်။
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads