စီဝရဒါနသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ဘိက္ခုနီအား သင်္ကန်းပေးမှု။
အမှုသည်—ရဟန်းတပါး။
- သမဏစီဝရဒါနသိက္ခာပုဒ်သည် ဘိက္ခုနီသိက္ခာပုဒ်များမှ စီဝရဒါနသိက္ခာပုဒ်ဖြစ်ပါသည်။
ဘိက္ခုနှင့် ဘိက္ခုနီ
ရဟန်းတပါးသည် လမ်းတလမ်း၌ ဆွမ်းခံလှည့်လည်၏၊ ဘိက္ခုနီတယောက်လည်း ထိုလမ်း၌ပင် ဆွမ်းခံလှည့်လည်၏၊ ရဟန်းက “နှမမည်သည့်နေရာ၌ ဆွမ်းလောင်းရှိတယ်”ဟု ပြော၏။ ဘိက္ခုနီကလည်း သူမြင်ခဲ့သော နေရာကို ပြန်၍ ညွှန်ပြ၏၊ သူတို့ မပြတ် တွေ့ကြသဖြင့် မိတ်ဆွေဖြစ်ကြလေသည်၊ အခါတပါး၌ ရဟန်းမှာ သံဃိက ပစ္စည်းဝေရာမှ သူ့အတွက်သင်္ကန်းချုပ်ဘို့ အဝတ်ရလာ၏၊ ထိုဘိက္ခုနီသည်လည်း ဩဝါဒခံယူသွားရင်း ထိုရဟန်းအထံဝင်ရာ “ငါ့မှာ သင်္ကန်းချုပ်ဘို့ အဝတ်ရတယ်, ယူမလား”ဟုမေးလျှင် “တပည့်တော်မမှာ သင်္ကန်း ရှားပါးနေတာနဲ့ အတော်ဘဲ”ဟုဆို၍ ယူသွားလေ၏။ ထိုရဟန်းမှာလည်း သင်္ကန်းရှားပါးလျက်ပင်၊ ထို့ကြောင့် အခြားရဟန်းများက ဝေစုရသော အဝတ်ကို သင်္ကန်းချုပ်ဘို့ရန် တိုက်တွန်းသောအခါ ဘိက္ခုနီမအား ပေးလိုက်ရကြောင်း ပြောလေသည်။ [၁]
ထိုအကြောင်းကိုကြား၍ ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ, ဘုရားရှင်သည် ဆွေမျိုးတော်-မတော် စစ်မေးတော်မူ၍ မတော်ကြောင်း”သိတော်မူသောအခါ “ယောပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ စီဝရံ ဒဒေယျ”ဟု မူလပညတ်ကို ထားတော်မူပြီးနောက် လဲလှယ်၍မျှ မဖြစ်နိုင်ကြသဖြင့် ဘိက္ခုနီတို့က ကဲ့ရဲ့သောကြောင့် “အညတြပါရိဝတ္တကာ”ဟု ဖြည့်စွက်၍ အနုပညတ်ထပ်တော်မူရပြန်သည်။[၁]
Remove ads
မြန်မာပြန်
အကြင်ရဟန်း လဲလှယ်အပ်သော သင်္ကန်းကိုကြဉ်၍ ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းပေးအံ့၊ ပါစိတ်အာပတ် သင့်၏။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads