သမဏစီဝရဒါနသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—လူဝတ်ကြောင်စသူတို့အား ရဟန်း၏သင်္ကန်းကို ပေးမှု။
အမှုသည်—ထုလ္လနန္ဒာ။ [၁]
- စီဝရဒါနသိက္ခာပုဒ်ဟုလည်း ခေါ်သည်။
ထုလ္လနန္ဒာသည် သူ၏ဂုဏ်သတင်းလွှင့်ဖို့ (ကြော်ငြာဖို့) မှန်း၍ ဇာတ်ဆရာ, ကချေသည်, ဘားကစားသူ, မျက်လှည့်သမား, အိုးစည်တီးသမား, စသူတို့အား ရဟန်းများ ဝတ်လောက်ရုံလောက်၍ ကပ္ပဗိန္ဒုထိုးပြီးသားဖြစ်သော သင်္ကန်းကိုပေး၍ “ပရိသတ်ထဲ၌ ငါ၏ ဂုဏ်သတင်းကို ပြောပေးကြပါ”ဟု မှာလိုက်၏၊ ထိုသူတို့ကလည်း ပရိသတ်ထဲ၌ “အရှင်မ ထုလ္လနန္ဒာသည် ဗဟုဿုတ ရှိပါသည်၊ ရဲရဲရင့်ရင့်ရှိပါသည်၊ တရားဟောလဲ ကောင်းသည် လှူစရာရှိလဲ အရှင်မအား လှူကြပါ, ကျောင်းဆောက် စသည်ပြုစရာရှိလဲ အရှင်မထံ ပြုကြပါ”ဟု ပြောကြလေသည်။ ထိုအကြောင်းကို အခြားဘိက္ခုနီများကြား၍ “သမဏစီဝရကို လူဝတ်ကြောင်စသူတို့အား ပေးရသလားဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
Remove ads
ယာ ပန ဘိက္ခုနီ အဂါရိကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သမဏစီဝရံ ဒဒေယျ, ပါစိတ္တိယံ။
အကြင် ဘိက္ခုနီသည် လူဝတ်ကြောင်အားသော်လည်းကောင်း, ပရိဗိုဇ် (ရသေ့ ဖိုးသူတော်ဝတ်သောယောက်ျား) အားသော်လည်းကောင်း, ပရိဗိုဇ်မ(ရသေ့မ သီလရှင်) အားသော်လည်းကောင်း, သမဏသင်္ကန်းကို ပေးအံ့၊ ထိုဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။
“သမဏစီဝရ”အရ ဝတ်လောက်ရုံလောက်သော ကပ္ပဗိန္ဒုထိုးအပ်ပြီး သင်္ကန်းကိုယူ၊ အဂါရိကအရ “လူ”ဟု ဆိုသော်လည်း မိဘမှတစ်ပါး အခြားလူများကိုယူ၊ သီတင်းသုံးဖော် ၅-ဦးနှင့် မယ်တော်ခမည်းတော် မှတစ်ပါး လူဝတ်ကြောင်-ဖိုးသူတော်-သီလရှင်-ရသေ့ (ယောက်ျား မိန်းမ) ပရိဗိုဇ်ဟူသမျှအား သမဏစီဝရကို ပေးသော ဘိက္ခုနီမှာပါစိတ်, ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ကပ္ပဗိန္ဒု မထိုးရသေးလျှင်ကား သာမဏစီဝရအမည် မရသေး၍ ပေးသင့်သူအား ပေးကောင်း၏။ [ဤစကားကို ကောက်ချက်ချလျှင် ကပ္ပဗိန္ဓုမထိုးရသေးသော (သင်္ကန်းဟု ခေါ်သော) အဝတ်ကို လူများဝတ်ရုံကောင်း၏-ဟု အဓိပ္ပါယ်ရ၏။ သို့ဖြစ်လျှင် ၂-ထပ်သင်္ကန်းကြီးကို သာမဏေတို့ဝတ်ရာ၌ ဝတ်ကောင်းကြောင်းကား ဆိုဖွယ်မရှိပြီ။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
