စီဝရသိဗ္ဗနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

စီဝရသိဗ္ဗနသိက္ခာပုဒ်
Remove ads

အမှု—ဘိက္ခုနီအား သင်္ကန်းချုပ်ပေးမှု

အမှုသည်—ရှင်ဥဒါယီ

ဥဒါယီနှင့် ဇနီးဟောင်း ဘိက္ခုနီ

ရှင်ဥဒါယီသည် သင်္ကန်းအချုပ် ကောင်းသူတည်း၊ အခါတပါး၌ သူ၏ဇနီးဟောင်း ဖြစ်ခဲ့သော ဘိက္ခုနီက သင်္ကန်းချုပ်ခိုင်းသဖြင့် ကောင်းစွာချုပ်ဆိုးပြီးလျှင် ထိုသင်္ကန်း၏ အလယ်ခေါင် (ဝတ်သည့်အခါ ကြောဘက်ကျလောက်သော အရပ်၌) ယောက်ျားနှင့်မိန်းမ မေထုန်မှီဝဲနေပုံ အရုပ်ထင်အောင်ချုပ်၍ ခေါက်ထားလေ၏။ ထိုဘိက္ခုနီသည် သင်္ကန်းလာယူသောအခါ “ရော့... ခေါက်ထားတဲ့အတိုင်း ယူသွားပြီးသိမ်းထား, ဩဝါဒခံယူဘို့ လာသောအခါကျမှ ဒီသင်္ကန်းကိုဝတ်ပြီး ဘိက္ခုနီတို့ရဲ့ နောက်ဆုံးကလိုက်ခဲ့”ဟု မှာလိုက်လေသည်။[]

ထိုဘိက္ခုနီမလည်း သူ့လင်ဟောင်း မှာလိုက်သည့်အတိုင်း သိမ်းထားပြီးလျှင် ဩဝါဒခံယူလာမှ ထိုသင်္ကန်းကို အမှတ်တမဲ့ဝတ်၍ နောက်ဆုံးက လိုက်လာမိရာ, ထိုဘိက္ခုနီကိုယ်တိုင်မှာ အရုပ်ပါနေကြောင်း သိဟန်မတူသော်လည်း မြင်ရသောလူတို့က “သိပ်အရှက်မရှိတဲ့ ဘိက္ခုနီတွေဘဲ”ဟု အားလုံးကိုသိမ်းကြုံး၍ ကဲ့ရဲ့ကြလေသည်၊ ထို့နောက် ဘိက္ခုနီတို့က မြင်ကြ၍ “ဘယ်သူ့လက်ရာလဲ”ဟု ထိုဘိက္ခုနီကို စစ်မေးလေသော် ဥဒါယီ၏ လက်ရာဖြစ်ကြောင်းသိကြ၍ “ဒီလိုအလုပ်မျိုးဟာ အရှက်မရှိဘူးလို့ နာမည်ရတဲ့ သေသောက်ကြူးတွေသော်မှ မတင့်တယ်ဘူး၊ ရှင်ဥဒါယီကား အဘယ်မှာ တင့်တယ်နိုင်ပါ့မလဲ”ဟု ကဲ့ရဲ့ကြ၍ ရဟန်းတို့အား လျှောက်ကြလေရာ, ရဟန်းတို့မှတဆင့် ဘုရားထံလျှောက်ကြ၍ ဆွေမျိုးမတော်ကြောင်းကိုလည်း သိတော်မူရသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[]

Remove ads

သိက္ခာပုဒ်

ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ စီဝရံ သိဗ္ဗေယျ ဝါ သိဗ္ဗာပေယျ ဝါ, ပါစိတ္တိယံ။[]

မြန်မာပြန်

အကြင် ရဟန်းသည် ဆွေမျိုးမတော်သော ဘိက္ခုနီ၏ သင်္ကန်းကို ကိုယ်တိုင်မူလည်းချုပ်အံ့၊ သူတပါးကိုမူလည်းချုပ်စေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads