ဝိသိဗ္ဗနသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ချုပ်မကောင်းသော သင်္ကန်းကို အဖြေခိုင်းပြီးနောက် ပြင်၍ ချုပ်မပေးမှု။
အမှုသည်—လုလ္လနန္ဒာ။ [၁]
- စီဝရသိဗ္ဗနသိက္ခာပုဒ်ဟုလည်း ခေါ်သည်။
ဘိက္ခုနီတစ်ယောက်၏ သင်္ကန်းချုပ်ဖို့ အဝတ်သည် အဖိုးများစွာ ထိုက်တန်၏၊ သို့သော် သင်္ကန်းချုပ်သောအခါ၌ကား ချုပ်ပုံမကောင်းဘဲ ဖြစ်နေ၏၊ ထိုချုပ်ပုံ မကောင်းသော သင်္ကန်းကို ထုလ္လနန္ဒာမြင်၍ “ရှင်မ၏ သင်္ကန်းဟာ အသား ကောင်းပါလျက် အချုပ်မကောင်း”ဟု ပြော၏။ ထိုအခါ သင်္ကန်းရှင်က “အရှင်မ ပြန်၍ ပြင်ချုပ်ပေးမလား, ဖြေလိုက်မယ်”ဟု မေးလေသော်, ဖြေလိုက်လေ, ပြင်ချုပ်ပေးမယ်”ဟု ဝန်ခံလိုက်၏။ သင်္ကန်းရှင်သည် သင်္ကန်းကိုဖြေပြီးနောက် ပြင်၍ ချုပ်ပေးဖို့ရန် ပြောသောအခါ ထုလ္လနန္ဒာသည် ကိုယ်တိုင်လည်း ချုပ်မပေး, တစ်ယောက်ယောက်ကိုလည်း ချုပ်ပေးဖို့ရန် ကြောင့်ကြမစိုက်ဘဲ ဂရုမစိုက်ဘဲ နေ၏၊ ထိုသို့ဂရုမစိုက်ပုံကို သင်္ကန်းရှင်က အခြား ဘိက္ခုနီတို့အား ပြောပြသဖြင့် ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
Remove ads
ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ စီဝရံ ဝိသိဗ္ဗေတွာ ဝါ ဝိသိဗ္ဗာပေတွာ ဝါ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ သိဗ္ဗေယျ, န သိဗ္ဗာပနာယ ဥဿုက္ကံ ကရေယျ အညတြ စတူဟပဉ္စာဟာ, ပါစိတ္တိယံ။
အကြင်ဘိက္ခုနီသည် ဘိက္ခုနီတစ်ယောက်၏ သင်္ကန်းကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ ဖြေပြီးနောက်(ချုပ်မပေးနိုင်လောက်အောင်)အန္တရာယ်မရှိပါဘဲ ၄-ရက် ၅-ရက်ထက်လည်း ကြာအောင် အချိန်ဆွဲ၍ ကိုယ်တိုင်သော်လည်း ချုပ်၍ မပေးအံ့၊ သူတစ်ပါးကိုသော်လည်း ချုပ်ပေးအောင် ကြောင့်ကြမစိုက်အံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
