စောမြအေးကြည်

From Wikipedia, the free encyclopedia

စောမြအေးကြည်
Remove ads

ဒေါ် စောမြအေးကြည် (စောမြဧကြည်) (၁၈၉၂-၁၉၆၂) သည် မြန်မာ့ဂီတ​လောကတွင် ထင်ရှား​​ကျော်ကြား​​သော အလင်္ကာကျော်စွာဘွဲ့ရ ဂီတပညာရှင်ကြီးတစ်ဦးဖြစ်သည်။

အချက်တိုများ ဒေါ်စောမြအေးကြည်, မွေးဖွား ...
Remove ads

ငယ်ဘဝနှင့် ပညာရေး

၁၈၉၂ မတ်လ၊ ၁၂၅၃-ခုနှစ်၊ တပေါင်းလတွင် အဖမှာ သီပေါမင်းလက်ထက် ဗြဲတိုက် သံတော်ဆင့်ရာထူးကို ထမ်းရွက်ရသော ဦးမောင်မောင်တင်[](အချို့စာအုပ်များတွင် မောင်မောင်ထင်ဟု ရေးသားသည်ကိုတွေ့ရသည်။)၊ အမိမှာ စောလှထိပ်ခေါင်တင်၏ ဘဏ္ဍာစိုး ဒေါ်ခင်ဖွား တို့ဖြစ်ပြီး မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အမည်မှာ “ခင်စိန်ကြည်” မည်၏။ မန္တလေးနေပြည်တော်မှ ဆွေတော်အုပ်မင်းသားကြီး၏ သမီးဖြစ်သော ထိပ်တင်ရွှေသည် ဒေါ်စောမြအေးကြည်၏ ဖွားလေးပင်ဖြစ်သည်။ []

ငယ်စဉ်ကပင် အဆိုအတီး အကဖက်၌ ဝါသနာထုံခဲ့၍ လေ့လာဆည်းပူးခဲ့သည်။ အသက်(၁၂)နှစ် အရွယ်တွင် သီဆိုမှုပညာကို သင်ကြားသည်။ ရှေးဦးစွာ မနုသဒ္ဒ ရွှေတောင်ကျော်သူ ဘွဲ့ခံ အဆိုကျော် ဦးလူကြီး (သီပေါမင်းလက်ထက် ဝဲဘက်အဆိုတော် အဖြစ်နှင့် အမှုထမ်းခဲ့သူ) ထံတွင် စတင်သင်ကြားခဲ့ရာ ပေါက်ပေါက်ရောက်ရောက် ရှိလှသည်ဟူ၏။ (၁၃)နှစ်အရွယ်တွင် ရှမ်းပြည်မြောက်ပိုင်း သီပေါစော်ဘွားဆာစောချယ်က ဆွေစဉ်မျိုးဆက်ကို စုံစမ်းပြီး နှစ်သက်သဖြင့် ကောက်ယူလေသည်။ ဂီတပညာရှင်ကြီးများကိုလည်း သီပေါဟော်နန်း၌ အသုံးတော်ခံကြရသော ပညာရှင်ကြီးများထံမှ ဆက်လက်သင်ယူ လေ့လာစေခဲ့သည်။(၁၆)နှစ်အရွယ်ရောက်သော် စော်ဘွားကြီးက ငယ်နာမည် ခင်စိန်ကြည်ကိုဖျောက်၍ စောမြအေးကြည် သခင်မ (အချို့စာအုပ်များတွင် စောမြဧကြည်ဟု ရေးသားသည်။) ဟူသော အမည်ကို ပေးအပ်ခြင်းခံခဲ့ရသည်။ အသက်(၂၀)နှစ်ကျော်တွင် ရတု၊ ဘောလယ်၊ တေးထပ်၊ ပတ်ပျိုး တို့ရေးသားသီကုံးနိုင်ပြီဖြစ်သည်နှင့်အညီ ရေးသားဆက်သွင်းခဲ့ရာ စော်ဘွားကြီးက သဘောကျလေသောကြောင့် စောဥက္ကာဘွဲ့ ပေးအပ်ခြင်းခံရသည်။ ၁၂၈၉ခုနှစ်၊ တန်ခူးလပြည့်ကျော်(၈)ရက်နေ့တွင် စော်ဘွားကြီး၏ တိုက်ဟော်နန်း သိမ်းပိုက်ပွဲ၌ စောဥက္ကာသည် သီရိဥက္ကဋ္ဌ်ဝတီ ဟူသောဘွဲ့ကို ထပ်မံချီးမြင့်ခြင်း ခံယူရရှိပြန်၏။ ထိုဟော်နန်းတွင်း၌ပင် ဆိုခဲ့ပြီးသည့်အတိုင်း ယိုးဒယားအကကို ရာမစင်တော်ဦးစီး ဆရာမောင်နှင့် ယိုးဒယားသီးခြားတတ်ကျွမ်းသည့် ဆရာဦးအုန်းပွင့်တို့ထံမှ လည်းကောင်း၊ အဆိုပညာကို တပယ်မင်းသား၏ ကိုယ်လုပ်တော် တပယ်ခင်ဥကြီး၊ ဆရာဦးလူကြီး၊ ဘီးလစ်စာရေးကြီး ဦးအောင်လှနှင့် ဆရာခန့်ကြီးတို့ထံမှ လည်းကောင်း နည်းယူမှတ်သားခဲ့ရ၏။ မိုးဒေဝါ နှင့် လမင်းသော်တာပတ်ပျိုးများ၏ ဖန်တီးရှင်ဖြစ်သည်။ မိုးဒေဝါရေးတော့ အသက်၂၃ နှစ်သာ ရှိသေးသည်။ အသက် ၃၆ နှစ်အရွယ်တွင် စော်ဘွားမရှိတော့၍ သီပေါဟော် ဖရိုဖရဲဖြစ်နေချိန် ဒီးဒုတ်ဦးဘချိုက ခင်ကြည်လာပါ၊ မဟာဂီတမှာ ဥက္ကဋ္ဌလုပ်ပါ၊ ဗရနံ့ပြန့်ကျဲနေတဲ့ သီချင်းတွေကိုပြန်စုကြပါဦးစို့ဟုခေါ်၍ အောက်ပြည်ကို ရောက်သည်။ ၁၉၂၈-ခုနှစ် တွင် သီပေါဟော်နန်းမှ ခွါခဲ့ပြီး နောက်တွင်လည်း ဂီတပညာအရပ်ရပ် တို့ကို ထပ်၍ ထပ်၍ ဆည်းပူးခဲ့သဖြင့် ဂီတပညာစုံတို့ဖြင့် ကုံလုံခဲ့သော ဂီတမိခင်ကြီးဖြစ်လာခဲ့သည်။

Remove ads

အလုပ်အကိုင်

ဒေါ်စောမြအေးကြည်သည် ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီ ကာလအထိ နိုင်ငံတော် ပန်တျာနည်းပြ၊ ၁၉၅၃ - ၅၈-ခုနှစ်တွင် ရန်ကုန်ဂီတနှင့် အနုပညာကျောင်း၊ ဆရာဖြစ်သင် ကောလိပ် နည်းပြများ အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဂီတပညာဖြင့် နိုင်ငံ၏အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သဖြင့် ၁၉၅၂-ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ဖြင့် ပြည်ထောင်စုအစိုးရက ချီးမြှင့်ခဲ့၍ ၁၉၅၄-ခုနှစ်တွင် ကံဘဲ့ဆရာအတတ်သင်ကျောင်းတွင် သုခုမနည်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်စဉ် ရန်ကုန်တက္ကသိုလ်က အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင် ဘီအေဘွဲ့ကို ပေးအပ်ခဲ့ရာ ထိုဘွဲ့ကို မြန်မာနိုင်ငံ၌ ယခုတိုင် ဒေါ်စောမြအေးကြည် တစ်ဦးတည်းသာလျှင် ရရှိခဲ့ဖူးပေသည်။ ၁၉၆၂ ခုနှစ်တွင် သမိုင်းကော်မရှင်ဌာနမှ ဂီတသုတေသနရာထူးဖြင့် အမှုထမ်းခဲ့ပြီး မြန်မာ့အသံ မဟာဂီတ သီချင်းကြီးစိစစ်ရေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင်လူကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ တူရိယာဂီတအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းလဲ ခံခဲ့ရသည်။ ဒေါ်စောမြအေးကြည်သည် မိမိဆည်းပူးခဲ့သမျှသော ဂီတပညာတို့ကို စေတနာထက်သန်စွာဖြင့် ဂီတပညာ ကို နှစ်ခြိုက်လိုလားသူများအား ဖြန့်ဝေပေးခဲ့သည်မှာ ကွယ်လွန်သည့်တိုင်အောင် ဖြစ်သည်။

Thumb
ဒေါ်စောမြအေးကြည်
Thumb
ဂုဏ်ထူးဆောင်ဝတ်စုံဖြင့် ဒေါ်စောမြဧကြည် (မြန်မာ ၁၂၅၃-၁၃၂၉)
Thumb
မန္တလေးမြို့ အမျိုးသားကဇာတ်ရုံရှိ ဒေါ်စောမြအေးကြည် ကြေးရုပ်
Remove ads

မိသားစု

ရကန် ဦးတင်နှင့် လက်ထပ်ခဲ့ပြီး မြန်မာနိုင်ငံသမိုင်းကော်မရှင်တွင် ဂီတသုတေသနမှူးရာထူးဖြင့်လည်း ထမ်းရွက်သည်။

ဘဝနိဂုံး

၁၃၂၉-ခုနှစ် တပို့တွဲလဆန်း ၁၂ ရက် (၁၉၆၈ ခု၊ ဖေဖော်ရီလ ၁ဝ ရက်) တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads