ဝင်ရိုး

From Wikipedia, the free encyclopedia

ဝင်ရိုး
Remove ads

သင်္ချာရူပဗေဒနှင့် စာရင်းအင်းနယ်ပယ်များ၌ တွေ့ရတတ်သော ဝင်ရိုး (သို့) စံတိုင် (အင်္ဂလိပ်: axis; အများကိန်း = axes) ဆိုသည်မှာ -

Thumb
၃-တိုင်ကြောင်းပါ ကာတက်စီးယန်း အမှတ်ချအိမ်X, Y, Z တို့က စံတိုင်၃ကြောင်း (3 axes) ဖြစ်နေပုံ။
Thumb
အနီရောင်မျဉ်းသည် ဤစက်လုံး လည်ပတ်နေမှု၏ အလည်ဘက်လှည့် စံတိုင် (rotational axis) ဖြစ်၏။

အခြားသော ရူပဗေဒ ကိစ္စရပ်များနှင့် ဘဝသုံး ဂျီဩမေတြီ (Applied Geometry) တို့တွင်လည်း -

  • လည်ပတ်ခြင်း (rotations) တို့၌ ဒြပ်ထု သို့မဟုတ် ဂျီဩမေတြီဝတ္ထု တခုခု တို့၏ စက်ဝိုင်းပုံရွေ့လျားမှု ပြင်သား (plane) ကို အနေအထား မြင်ယောင်ကြည့်လျှင် ၎င်း လည်ပတ်ပြင် (roational plane) ပေါ်သို့ ထောင့်မတ်ကျနေသည့် စံပြုစိတ်ကူး မျဉ်းဖြောင့် သည် လည်ပတ်မှု ဝင်ရိုး (သို့) လည်ပတ်မှု စံတိုင် (သို့) အလည်ဘက်လှည့် စံတိုင် (အင်္ဂလိပ်: roational axis) အဖြစ်၊
Thumb
ဤပုံထဲရှိ ခေါက်ချိုးညီမှု (symmetry) ရှိသော ဂျီဩမေတြီ ပုံသဏ္ဌာန်တို့၌ အစက်ချဆွဲသားပြထားသော ခေါက်ချိုးညီ စံတိုင် (symmetrical axis) များကို တွေ့ရမည်၊ ခေါက်ချိုး မညီသည့် သဏ္ဌာန်၌ ထိုသို့မျဉ်း ပါရှိမနေ။
  • ခေါက်ချိုးညီမှု (symmetry) ရှိသော ဂျီဩမေတြီ ပုံသဏ္ဌာန်တို့၌ ၎င်းပုံဝတ္ထု၏ ပြန်လှန်ညီနေသည့် ၂ပိုင်းကို ဖြတ်ပိုင်းထားမည့် စံပြုစိတ်ကူး မျဉ်းဖြောင့်သည် ခေါက်ချိုးညီ စံမျဉ်း (သို့) ခေါက်ချိုးညီ စံတိုင် (symmetrical axis) အဖြစ်၊

စသည်ဖြင့် အမျိုးမျိုး ရှိတတ်သေးလေ၏။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads