ဆင်ခြေထောက်ရောဂါ
From Wikipedia, the free encyclopedia
Remove ads
ဆင်ခြေထောက်ရောဂါ (အင်္ဂလိပ်: elephantiasis) ဟုလည်း ခေါ်ဝေါ် သော လင်ဖဲတစ် ဖီလရီအဲစစ် (အင်္ဂလိပ်: Lymphatic filariasis) ရောဂါသည် ဖိလဲရီယွိုင်ဒီးအား Filarioidea ခေါ် ကပ်ပါးသန်ကောင် (parasitic worm) မျိုးမှ ဖြစ်ပွားသည်။ ရောဂါသည် အများအားဖြင့် လက္ခဏာအသွင်အပြင်မပြချေ။ သို့သော် အချို့လူများတွင် လက်မောင်းများ၊ ခြေများ၊ ဖိုမအင်္ဂါများ အလွန်အမင်း ဖူးရောင်တတ်သည်။ အသားအရေသည်လည်း ထူထဲလာတတ်ကာ နာကျင်မှုလည်း ဖြစ်တတ်သည်။ ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်တတ်ပြီး ယင်းကြောင့် ဝေဒနာရှင်သည် လူမှုရေးစီးပွားရေး ပြဿနာများနှင့် ရင်ဆိုင်ရတတ်သည်။[၁]
ခြင်ကိုက်ခံရခြင်းမှ သန်ကောင်ပိုးများ ကူးစက်ပြန့်နှံသည်။ လူများတွင် ကူးစက်မှုသည် အများအားဖြင့် ခလေးအရွယ်မှစတင်သည်။ ရောဂါဖြစ်ပွားမှုသည် Wuchereria bancrofti, Brugia malayi, နှင့် Brugia timoriသန်ကောင်သုံးမျိုးမှ ဖြစ်ပွားသည်။ Wuchereria bancrofti သည် ပေါ်များဆုံးဖြစ်သည်။ သန်ကောင်ပိုးများသည် ပြန်ရည်ကြောစနစ် (lymphatic system) ကို ထိခိုက်ပျက်စီးစေသည်။
ညအချိန်တွင် ထုတ်ယူထားသောသွေးကို အနုစိတ်မှန်ဘီလူးဖြင့် ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် ခွဲခြားစိတ်ဖြာနိုင်သည်။ သွေး၏အသွင်သည် ထူပြစ်ချွဲနေပြီး ဂျီအဲမ်စာ Giemsa များဖြင့် ပေလူးနေရမည်။ ရောဂါကို တိုက်ဖျက်သည့် အင်တီဘော်ဒီများ အတွက် စစ်ဆေးခြင်းကိုလည်း အသုံးလေ့ရှိပြုတတ်သည်။ [၂]
ကြိုတင်ကာကွယ်ခြင်းသည် ရောဂါ မျိုးပြုတ်ရေးကို ရှေ့ရှု၍ ရောဂါရှိသော လူအုပ်စုတစ်စုလုံးကို နှစ်စဉ် ကုသနည်းဖြစ်သည်။ ယင်းသည် (၆)နှစ်ခန့် ကြာတတ်သည်။ ကုသဆေးများတွင် albendazole နှင့် တွဲလျက် ivermectin ကိုသော်လည်းကောင်း သို့မဟုတ် albendazole နှင့် တွဲလျက် diethylcarbamazine တို့ ပါဝင်သည်။ ကုသဆေးများသည် အရွယ်ရောက်ပြီး သန်ကောင်များကို မသတ်သော်လည်း သန်ကောင်များ မိမိအလျောက်သေသည်အထိ ရောဂါ ဆက်မပြန့်ရန် ကာကွယ်ပေးသည်။
ခြင်ကိုက်မခံရစေအောင် ကာကွယ်ရန် ကြိုးပမ်းမှုများကိုလည်း ပြုသင့်သည်။ ယင်းထဲတွင် ခြင်ကောင်ဦးရေလျော့စေခြင်းနှင့် ခြင်ထောင်များ သုံးခြင်းတို့ပါဝင်သည်။ နိုင်ငံပေါင်း ၇၃ နိုင်ငံတွင် လူသန်း ၁၂၀ ကျော်သည် ဆင်ခြေထောက်ရောဂါ ကူးစက်ခံနေရပြီး လူဦးရေ သန်း ၁၄၀၀ ခန့်သည် ဤဝေဒနာကို ခံစားနေရသည်။ ရောဂါအဖြစ်အများဆုံးဒေသများသည် အာဖရိကတိုက်နှင့် အာရှတိုက်တို့တွင်ဖြစ်သည်။ ရောဂါကြောင့် တစ်နှစ်လျှင် စီးပွားရေးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးသည်။
Remove ads
မှီငြမ်းကျမ်းများ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads