ဆင်းရဲသား ဝံသာနု အဖွဲ့

From Wikipedia, the free encyclopedia

Remove ads

ဆင်းရဲသားပါတီ ကို ဒေါက်တာဘမော်က ၁၉၃၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ ထိုစဉ်က ရေပန်းစားသော "ဝံသာနု" နှင့် "ဆင်းရဲသား" ဟူသော စကားလုံးများကို ပေါင်းစပ်၍ "ဆင်းရဲသားဝံသာနုအဖွဲ့" ဟု အမည်ပေးခဲ့သော်လည်း အများစုက "ဆင်းရဲသားအဖွဲ့" ဟုသာ ခေါ်ဆိုကြသည်။ ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လယ်သမားများနှင့် ဆင်းရဲသားထု၏ မဲဆန္ဒရရှိရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အချက်တိုများ ဆင်းရဲသားဝံသာနုအဖွဲ့, တည်ထောင်သူ ...

ပါတီ၏ လုပ်ငန်းစဉ်များအဖြစ် ကျေးရွာပြုပြင်ရေး၊ အခွန်နှင့် မြေငှားခလျှော့ချရေး၊ အခမဲ့ပညာသင်ကြားရေး စသည်တို့ကို ကြေညာခဲ့သော်လည်း လယ်သမားများ၏ ထောက်ခံမှုကို မရရှိခဲ့ပေ။ ရွေးကောက်ပွဲတွင် (၁၆) နေရာသာ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ရန် မဲအများဆုံးရခဲ့သည့် ငါးပွင့်ဆိုင်အဖွဲ့ အစိုးရမဖွဲ့နိုင်သည့်အခါတွင် ဒေါက်တာဘမော်သည် ဗြိတိသျှအုပ်စု၏ ထောက်ခံမှုရရှိရန်အတွက် မူလပါတီလုပ်ငန်းစဉ်များကို စွန့်လွှတ်ခဲ့သည်။ နိုင်ငံရေးအာဏာကို ရန်သူလက်ထဲ မကျရောက်စေရန်ဟု အကြောင်းပြချက်ဖြင့် အခြားနိုင်ငံရေးအုပ်စုများနှင့် ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ၎င်း၏အစိုးရပြုတ်ကျပြီးနောက်တွင် ဆင်းရဲသားပါတီ၏ မူလလုပ်ငန်းစဉ်များကို ပြန်လည်ကျင့်သုံးခဲ့သည်။

ဒုတိယကမ္ဘာစစ် စတင်ချိန်တွင်မူ ပါတီသည် တို့ဗမာအစည်းအရုံး နှင့် ပူးပေါင်းကာ ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads