အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၃၆
From Wikipedia, the free encyclopedia
Remove ads
အထွေထွေ ရွေးကောက်ပွဲကို ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အတွင်း ကျင်းပသည်။[၁]
Remove ads
ငါးပွင့်ဆိုင်အဖွဲ့ (ဦးဘဘေ ဂျီစီဘီအေ) က ၄၆၊ ဆင်းရဲသားဝံသာနုအဖွဲ့ (ဒေါက်တာဘေမာ်) က ၁၆၊ လှိုင်-မြတ်-ေမာ်အဖွဲ့ (ဦးချစ်လှိုင် ဂျီစီဘီအေ) က ၁၂၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ (ဒို့ဗမာအစည်းအရုံး) က ၃၊ ဆင်းရဲသားအကျိုးဆောင်/ဖေဘီယန်အဖွဲ့ (ဒီးဒုတ်ဦးဘချို) က ၁၊ ရွှေတောင်ကြားအဖွဲ့ (ဆာ ဂျေအေမောင်ကြီး) က ၂၊ မြန်မာ့လွတ်လပ်ရေးတပ်ပေါင်းချုပ် (သက်ပန်းဆရာတော်) က ၁ အသီးသီး မဲရကြသည်။ ဒေါက်တာဘမော်က ငါးပွင့်ဆိုင်နှင့် ညွန့်ပေါင်းဖွဲ့သည်။
၁၉၃၇ ခု၊ မတ်လ ၂၂ ရက်တွင် ဘုရင်ခံက အတည်ပြုပေးပြီးနောက် ဧပြီလ ၁ ရက်မှ စ၍ တာဝန်ယူကြရသည်။ အစိုးရအဖွဲ့မှာ -
- ဒေါက်တာဘမော် (နန်းရင်းဝန်၊ ဘဏ္ဍာရေးဝန်ကြီးချုပ်)
- ရွှေကျင်ဦးပု (သစ်တောရေးဝန်ကြီးချုပ်)
- ဆာပေါ်ထွန်း (ပြည်ထဲရေးဝန်ကြီးချုပ်)
- သာယာဝတီဦးမောင်မောင် (ပညာရေးဝန်ကြီးချုပ်)
- ဦးထွန်းအောင်ကျော် (ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်)
- စောဖေသာ (မြေတိုင်းနှင့်အခွန်ဝန်ကြီးချုပ်)
နန်းရင်းဝန်လစာမှာ ၃၀၀၀ ကျပ်၊ ဝန်ကြီးချုပ်များ လစာမှာ ၂၅၀၀ ကျပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် အမတ်တို့မှာ ၇၅၀ ကျပ်နှင့် ၂၅၀ ကျပ် နေ့တွက်ခ အသီးသီးရသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads