ဆန်းဂေး အမျိုးသားဥယျာဉ်
From Wikipedia, the free encyclopedia
Remove ads
ဆန်းဂေး အမျိုးသားဥယျာဉ် သည် အီကွေဒေါနိုင်ငံ မိုရိုနာ ဆန်တီယာဂို၊ ချင်ဘိုရာဇိုပြည်နယ်၊ တုံဂူရာဟွာပြည်နယ် တွင် တည်ရှိသော အမျိုးသားဥယျာဉ်တစ်ခု ဖြစ်သည်။ ထိုဥယျာဉ်အတွင်း တုံဂူရာဟွာ နှင့် ဆန်းဂေးဆိုသော မီးတောင်ရှင်နှစ်ခု ရှိပြီး အယ်လ်အော်တာ ဆိုသော မီးတောင်သေ တစ်ခု ရှိကာ အပူပိုင်း မိုးသစ်တောမှ ရေခဲမြစ် အထိ ဂေဟစနစ် အမျိုးမျိုး ရှိသည်။
ထိုဥယျာဉ်သည် ၁၉၈၃ ခုနှစ်မှစ၍ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် စာရင်းသွင်းခဲ့သည်။ တရားမဝင် အမဲလိုက်ခြင်း၊ စားကျက်မြေအဖြစ် ကျယ်ပြန့်စွာ အသုံးပြုခြင်း၊ အစီအစဉ်မရှိပဲ လမ်းများဖောက်လုပ်ခြင်း နှင့် ဥယျာဉ်၏ နယ်နိမိတ်ကို ကျူးကျော်ခြင်းတို့ကြောင့် ၁၉၉၂ ခုနှစ်တွင် စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ ၂၀၀၅ ခုနှစ်တွင်မှ စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာစာရင်းမှ ပယ်ဖျက်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads