ဆမ်ဆောင်း

From Wikipedia, the free encyclopedia

ဆမ်ဆောင်း
Remove ads

ဆမ်ဆောင်း လုပ်ငန်းစု[] (သို့) ဆမ်ဆောင်း (ကိုရီးယား: 삼성; RR: samseong [samsʌŋ]; SΛMSUNG) သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ အခြေစိုက်သော နိုင်ငံပေါင်းများစွာတွင် စီးပွားရေးလုပ်ငန်းများစွာ တည်ထောင်ထားသည့် တောင်ကိုရီးယားလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။

အချက်တိုများ အမျိုးအစား, တည်ထောင်သည့်နှစ် ...

၁၉၃၈ ခုနှစ်တွင် လီဗျောင်ချူးမှ ကုန်သွယ်ရေးကုမ္ပဏီ အဖြစ် စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ပြီးနောက် ဆယ်စုနှစ် သုံးခုကျော်ခန့်တွင် အစားအသောက်၊ အထည်အလိပ်၊ အာမခံ စသည့်လုပ်ငန်းများကိုပါ လုပ်ကိုင်လာခဲ့သည်။ ၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် အီလက်ထရွန်းနစ်လုပ်ငန်း၊ ၁၉၇၀ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်၊ လီဗျောင်ချူးကွယ်လွန်ပြီးနောက်တွင် ဆမ်ဆောင်းအုပ်စု၊ ရှင်စီဂေ့အုပ်စု၊ စီဂျေ အုပ်စု၊ ဟန်ဆောအုပ်စု ဟူ၍ လေးစု ကွဲထွက်သွားခဲ့သည်။ ဆမ်ဆောင်းအုပ်စုသည် ၁၉၉၀ ခုနှစ်မှစ၍ အဓိကဝင်ငွေလုပ်ငန်းများဖြစ်သော အီလက်ထရွန်းနစ်၊ မိုဘိုင်းလ်ဖုန်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ဆမ်ဆောင်း၏ အရေးပါသော လက်အောက်ခံလုပ်ငန်းများမှာ ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ (၂၀၁၂ ခုနှစ် စာရင်းများအရ ကမ္ဘာ့အကြီးဆုံး အိုင်တီကုမ္ပဏီနှင့် ဈေးကွက်တွင်း စတုတ္ထနေရာ)[]၊ ဆမ်ဆောင်း အကြီးစားစက်မှုလုပ်ငန်း (၂၀၁၀ စာရင်းများအရ ကမ္ဘာ့ဒုတိယအကြီးဆုံး သင်္ဘောတည်ဆောက်သူ)[]၊ ဆမ်ဆောင်းအင်ဂျင်နီယာလုပ်ငန်း နှင့် ဆမ်ဆောင်း ဆောက်လုပ်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း တို့ဖြစ်ကြသည်။

၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ဖုန်းစက်ရုံကို ဗီယက်နမ်နိုင်ငံ၊ ထိုင်းနုရမ် စီရင်စုတွင် ဆမ်ဆောင်းမှ စတင်တည်ဆောက်လျက်ရှိသည်။[]

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads