ဆိပ်ကြီးခနောင်တိုမြို့နယ်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ မြို့နယ် From Wikipedia, the free encyclopedia

Remove ads

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြစ်၏ အနောက်တောင်ကမ်းပေါ်တွင် တည်ရှိသည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်၏ မြောက်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် တွံတေးတူးမြောင်း၊ အနောက်ဘက်နှင့် တောင်ဘက်တွင် တွံတေးမြို့နယ်တို့ တည်ရှိသည်။

အချက်တိုများ ဆိပ်ကြီးခနောင်တိုမြို့နယ်, နိုင်ငံ ...

ဆိပ်ကြီးခနောင်တိုသည် မြန်မာဘုရင်တို့လက်ထက် ဒဂုံ၊ ဒလ၊ သန်လျင်တို့ထင်ရှားချိန်ကတည်းက ရှိခဲ့သည့် ဒေသတစ်ခုဖြစ်သည်။

ထိုအချိန်က ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုတို့သည် တစ်ချိန်က တစ်ဆက်တည်း တည်ရှိခဲ့ပြီး ၁၈၇၃ခုနှစ်ကာလ တွံတေးတူးမြောင်း ဖောက်လုပ်ပြီးချိန်တွင် တစ်ဖက်စီဖြစ်ခဲ့ရသည်။

လှေများ၊ သင်္ဘောများဆိုက်ကပ်ရန် ဆိပ်ကမ်းကောင်းများတည်ရှိ၍ ဆိပ်ကြီးဟု အမည်တွင်ခဲ့သည်။ မွန်ဘာသာတွင် "ခနောင်"ဆိုသည်မှာ ဝဲကိုဆိုလိုခြင်းဖြစ်ပြီး ခနောင်တိုချောင်းသည် ဝဲ ပေါများသောကြောင့် "ခနောင်တို" ဟူသောအမည်အား ထပ်မံထည့်သွင်း‌၍ "ဆိပ်ကြီးခနောင်တို"ဟု ခေါ်ဝေါ်လာကြသည်။

ဆိပ်ကြီးခနောင်တိုသည် ပင်လယ်ရေမျက်နှာပြင်အထက် ၈ပေအထက်တွင်တည်ရှိသောကြောင့် ထူးကဲဒီရေဒဏ်ကို အမြဲခံရလေ့ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်ကို ရပ်ကွက် (၉)ခုဖြင့် ဖွဲ့စည်းထားသည်။ ရန်ကုန်မြို့လယ်‌‌ခေါင်၏ တစ်ဖက်ကမ်းတွင် တည်ရှိသော်လည်း ယခင်က ဆက်သွယ်ထားသော တံတားမရှိသေး၍ ဤမြို့နယ်မှာ ဖွံဖြိုးတိုးတက်မှု နည်းပါးသေးသည်။ ယခုအခါ ရန်ကုန်-လှိုင်သာယာ-တွံတေး ကားလမ်းပေါ်သို့တိုက်ရိုက်ဆက်သွယ်ထားသော ဆိပ်ကြီးခနောင်တိုကြိုးတံတား တည်ဆောက်ဖွင့်လှစ်ပြီးဖြစ်၍ ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်လာပြီဖြစ်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အစိုးရ မူလတန်းကျောင်း (၁၆) ကျောင်းနှင့် အထက်တန်းကျောင်း (၁) ကျောင်းနှင့် အထက်တန်းကျောင်းခွဲတစ်ကျောင်းရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads