ဆိုင်းဇန်လူမျိုး

From Wikipedia, the free encyclopedia

Remove ads

ဆိုင်းဇန်လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။


ဆိုင်းဇန်လူမျိုးမှာ အမဲလိုက်ဝါသနာပါသော ဘုရင့်သားတော်တစ်ပါးမှ ဆင်း သက်လာသော လူမျိုးဟု ဆိုသည်။ ရှေးရိုးစဉ်လာ စကားမှာ တရံရောအခါ မြန်မာပြည်အထက်ပိုင်းတွင် ရှင်ဘုရင်တစ်ပါး အုပ်ချုပ်နေရာ သားတော်သုံးပါး ရှိသည့်အနက် သားထွေးကို နန်းတင်လိုကြသော ခမည်းတော်၊ မယ်တော်တို့သည် သားကြီးအား မြန်မာပြည် မြေပြန့်ဒေသသို့ သွားရောက်မင်းပြုစေသည်။ သားလတ်မှာကား အမဲလိုက်ဝါသနာပါသဖြင့် အနောက်ဘက်တောင်တန်းဆီသို့ တမူးလမ်းမှ တက်သွားပြီး ယခု ချင်းတောင်တန်းများတွင် အမဲလိုက်နေခဲ့သည်။ တစ်နှစ်မျှကြာလတ်သော် နေပြည်တော်သို့ ပြန်လာသည်။ လမ်းခရီးတွင် ဆေပီးဟု ခေါ်တွင်သော နေရာသို့ရောက်ရာ ထိုရွာတွင် မုဆိုးမတစ်ဦး၏ သမီးနှင့် အကြောင်းပါလေသည်။ မင်းသားက သူ၏ဇနီးအား သား ယောက်ျားလေး မွေးပါက နေပြည်တော်သို့ လိုက်လာရန် မှာကြား၍ သားရေပေါ်တွင် စာရေးခဲ့ကာ နေပြည်တော်သို့ ပြန်သွားသည်။ မင်းသားစာရေးထားခဲ့သော သားရေမှာ ခွေးစားသဖြင့် ပျက်ဆီးသွားခဲ့သည်။ မိန်းကလေးသည် သားယောက်ျားမွေးသော်လည်း နေပြည်တော်သို့ မလိုက်နိုင်ဘဲ ထိုအရပ်တွင်ပင် နေထိုင်ခဲ့ရာ သားမှ ဆင်းသက်လာသော သူများသည် ဆိုင်းဇန်လူမျိုးများ ဖြစ်လာကြသည်ဟု ဆိုသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads