ဆိုဖီယာ အဲဗားရက်စ်
သရုပ်ဆောင် From Wikipedia, the free encyclopedia
Remove ads
ဆိုဖီယာ အဲဗားရက်စ် (အင်္ဂလိပ်: Sophia Everest )(၁၉၉၂ ဧပြီ ၃၀ ဖွား) သည် မြန်မာအိုင်ဒေါ ရာသီ ၁မှ အောင်မြင်လာသော အဆိုတော်တစ်ယောက် ဖြစ်သည်။[၁][၂][၃]
Remove ads
ဘဝအစနှင့် ပညာရေး
မြတ်စုခိုင်ကို ၁၉၉၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၃ ယောက်အနက် ဒုတိယသမီး ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အစ်မတစ်ယောက်၊ မောင်တစ်ယောက် ရှိသည်။ ရန်ကုန်လေ့ကျင့်ရေးကျောင်းတွင် တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံ Republic Polytechnic ကျောင်းမှ ၂၀၁၄ ခုနှစ်တွင် ဇီဝနည်းပညာဘွဲ့ကို ရရှိခဲ့သည်။ ကလေးဘဝကပင် အဆိုဝါသနာပါခဲ့ပြီး City FM ပြိုင်ပွဲများတွင် ပါဝင်ခဲ့ပြီး အသက် ၁၁ နှစ်အရွယ်တွင် ပထမဆုရရှိခဲ့သည်။[၄][၅]
Remove ads
အလုပ်အကိုင်
အဆိုတော်

သူ၏ အဆိုတော်ဘဝကို မြန်မာအိုင်ဒေါ ပထမရာသီတွင် ယှဉ်ပြိုင်ရင်း စတင်ခဲ့သည်။ ပြိုင်ပွဲတွင် ဆိုဖီယာကိုပရိသတ်များသတိထားမိသည့်အပတ်မှာ မြစ်နှစ်စင်းရဲ့ပင်လယ် သီချင်းဖြင့် ယှဉ်ပြိုင်သောအပတ်တွင် Voting အနည်းဆုံးဖြစ်ခဲ့သော်လည်း ဒိုင်သုံးဦး၏ ကယ်တင်ခွင့် (ပြိုင်ပွဲရာသီတစ်ခုလုံးတွင် တစ်ကြိမ်သာအသုံးပြုခွင့်ရှိသည့် Save ) ဖြင့် ကယ်တင်ခဲ့သည့်အတွက် ဆက်လက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ နောက်ဆုံးပွဲစဉ်မရောက်မီ ထိပ်ဆုံး ၅ ယောက်ယှဉ်ပြိုင်ရသည့် တေးရေးဆရာဆောင်းဦးလှိုင်ရေးသားသောသီချင်းများ သီဆိုရသည့်အပတ်တွင် ဆောင်းဦးလှိုင်ရေးသားပြီး တင်ဇာမော်သီဆိုထားသည့် "အချစ်မရှိနေ့ရက်များ" သီချင်းဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Voting ဒုတိယအနည်းဆုံးဖြစ်ကာ မေကြည်နှင့်အတူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ မြန်မာအိုင်ဒေါပြီးသည်မှစ၍ ဖျော်ဖြေပွဲများစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ မြန်မာပြည်တွင်းတွင် သူမစံထားအားကျခဲ့ရသည့်အဆိုတော်မှာ တင်ဇာမော်ဖြစ်သည်။
ပထမဆုံးကျော်ကြားသည့်သီချင်းဖြစ်သည့် "Crush on You" ကို ၂၀၁၆ ခုနှစ် နိုဝင်လာ ၁ ရက်နေ့တွင် ထွက်ရှိခဲ့သည်။ ယင်းနောက် အဆိုတော် X Box ဖြင့်တွဲဖက်သီဆိုသည့် Snapshotသီချင်းသည် ပရိသတ်များကိုအထူးဆွဲဆောင်နိုင်ခဲ့သည်။
သူ၏ ပထမဆုံးပွဲဦးထွက် တစ်ကိုယ်တော်တေးစီးရီးဖြစ်သည့် Never Mind (NVM) ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖြန့်ချိခဲ့ပြီး ၂၀၁၇ ခုနှစ်၏ အရောင်းရဆုံးတေးစီးရီးတွင် နံပါတ် ၄ တွင် ရပ်တည်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ဒုတိယခွေဖြစ်သည့် နင့်ရဲ့ ကို ဖြန့်ချိခဲ့သည်။
Single Song အဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တေးရေး Moe Htet B+ ရေးသားထားသော M E D U S A အမည်ရှိသီချင်းအား မိုးထက်နှင့်အတူ တွဲဖက်သီဆိုပြီး သူမ၏လူမှုကွန်ရက်စာမျက်နှာတွင်တင်ဆက်ပေးခဲ့ရာ ပရိသတ်များအထူးကြိုက်နှစ်သက်ခဲ့ကြသည်။ ထို့အပြင်ထိုသီချင်းသည် Major M ၏ Local Charts တွင်လည်း Top 1 နေရာသို့ အပိုင်ယူထားနိုင်ခဲ့ပြီး ရက်သတ္တပတ်အတော်ကြာ Top Chart တွင် တည်ရှိနေသော သီချင်းတစ်ပုဒ်ဖြစ်ခဲ့သည်။
နင့်ရဲ့ သီချင်း၏ Music Video ကို ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့က သူမ၏လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ Music Video သည် sexy ဆန်ဆန်အကြမ်းစားရိုက်ကူးထားသောကြောင့် Video ၏အောက်တွင် လူအများ၏ မှတ်ချက်ပြုမှုမျိုးစုံကို ရရှိခဲ့သည်။ အဆိုပါ Music Video သည်လည်း နာရီပိုင်းအတွင်းကြည့်ရှုသူ တစ်သိန်းကျော် ရှိလာသည်အထိ အောင်မြင်ခဲ့သည်။
သီချင်းမတင်ဆက်ခင်ရက်ပိုင်းက သူမအနေဖြင့် တေးသရုပ်ဖော်ထဲမှ သရုပ်ဆောင်အမျိုးသားနှင့်အတူ ရိုက်ကူးထားသည့် အပေါ်ပိုင်းအဝတ်ဗလာဖြင့် သူမ၏ပုံကြောင့် လူမှုကွန်ရက်တစ်ခွင်နှင့် မီဒီယာများကြား ဂယက်ထသွားခဲ့သည်။
ဆိုဖီယာသည် ယနေ့အချိန်ထိ (၂၀၁၉ ဇွန်လ ၆ ရက်နေ့ထိ ) Major M ၏ Local top 30 charts တွင် No.1 သီချင်း ၂ ပုဒ်နှင့် Female Artist with Most No.1 ဖြစ်နေခဲ့သည်။
ဆိုဖီယာသည် Major M Music Awards တွင် ၂၀၁၈ အတွက် နင့်ရဲ့အယ်လ်ဘမ်ဖြင့် Best R&B Album တစ်ဆု၊ စန္ဒီမြင့်လွင်နှင့်အတူသီဆိုထားသော I.D.F.C သီချင်းဖြင့် Best R&B Song တစ်ဆု၊ ၂၀၁၉ အတွက် ရေမွန်၊ဓီရာမိုရ်၊MØ၊Diploတို့နှင့်အတူသီဆိုထားသော Stay Open သီချင်းဖြင့် Best Collaboration တစ်ဆု၊ စုစုပေါင်း ဆုသုံးဆုရရှိထားသည့်။ ထို့အပြင် Major M Music Awards တွင် ၂၀၁၈မှ ၂၀၂၀အထိ နောက်ထပ်ဆု၇ခုအထိ ဇကာတင်နိုင်ခဲ့သည်။
သရုပ်ဆောင်
ဆိုဖီယာ အဲဗားရက်စ်သည် သူ၏ပထမဆုံးရုပ်ရှင်ဖြစ်သော နောင်ဘယ်တော့မှမမုန်း ကို သရုပ်ဆောင် သူရိယ၊ ဆုအိမ့်စံတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ပြီး အောက်တိုဘာ ၂၀၁၇ တွင် ထွက်ရှိခဲ့သည်။ ထို့နောက် သူရိယနှင့် မြန်မာအိုင်ဒေါတွင် အတူယှဉ်ပြိုင်ခဲ့တော့ မေကြည်တို့နှင့်အတူ နောက်ကျောကဓား ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး နိုဝင်ဘာလတွင် ထွက်ရှိခဲ့သည်။
ကြေညာ
တူးပို့ဘီယာ၏ ambassador အဖြစ် ၂၀၁၈ ဖေဖော်ဝါရီ ၂၆ ရက်တွင် ခန့်အပ်ခံခဲ့ရသည်။
Remove ads
ရုပ်ရှင်
- နောင်ဘယ်တော့မှမမုန်း
- နောက်ကျောကဓား
တေးစီးရီး
တစ်ကိုယ်တော်
- NVM (Never Mind) (၂၀၁၇)
- နင့်ရဲ့ (၂၀၁၈)
သီးသန့်
- Crush on You (၂၀၁၆)
- M E D U S A (၂၀၁၉)(feat: Moe Htet B+)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads