မြန်မာ အိုင်ဒေါ
ရုပ်မြင်သံကြားအစီအစဥ် From Wikipedia, the free encyclopedia
Remove ads
မြန်မာအိုင်ဒေါ (အင်္ဂလိပ်: Myanmar Idol) သီချင်းဆိုပြိုင်ပွဲသည် မြန်မာနိုင်ငံ ရှိကျော်ကြားသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။
အကြောင်း
အမေရိကန်အိုင်ဒေါ၏ အောင်မြင်မှုအတိုင်း ကမ္ဘာတစ်လွှားတွင် ကျင်းပခဲ့ပြီးနောက် မြန်မာပြည်တွင် ၂၀၁၅ ခုနှစ်မှစ၍ ရွှေသံလွင် ကုမ္ပဏီမှ ကျင်းပခဲ့သည်။ ပြိုင်ပွဲကျင်းပသူ အစီအစဉ်မှူးအဖြစ် ကျော်ထက်အောင်မှ ရာသီ (၁) မှ ယခု ရာသီ (၄) အထိ ဆောင်ရွက်ခဲ့သည်။
ပြိုင်ပွဲများ
ရာသီ ၁
ပထမဆုံး ရာသီသည် လူများစွာ၏ စိတ်ဝင်စားမှုရခဲ့သည်။ ပဏာမ အသံစစ်ပြိုင်ပွဲများကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့် တောင်ကြီးမြို့များတွင် ကျင်းပခဲ့သည်။ ဒိုင်များဖြစ်သော ရဲလေး၊ မေဆွိနှင့် ချမ်းချမ်း တို့က နောက်ဆုံးဆန်ခါတင် ပြိုင်ပွဲဝင် ၁၁ ယောက်ကို ရွေးချယ်ခဲ့သည်။ ပြိုင်ပွဲဝင် ဆိုဖီယာ အဲဗားရက်စ်ကို ထင်ရှားကျော်ကြား တေးသီချင်းများ ယှဉ်ပြိုင်ရသော အပတ်တွင် ဒိုင်လူကြီးများက ပြိုင်ပွဲမှ ထွက်ခွာရခြင်းအား ကယ်တင်ခဲ့သည်။ ပြိုင်ပွဲဝင် မေကြည်သည် ပန်တင်းဝိုင်းကဒ် အနိုင်ရရှိခဲ့သူဖြစ်ခဲ့ပြီး ရုပ်ရှင်တေးသီချင်းများ ယှဉ်ပြိုင်ရသော အပတ်တွင် ပြန်လည်ပါဝင်ခဲ့သည်။ နောက်ဆုံး ဖိုင်နယ်ပွဲကို စောလားထော်ဝါး၊ အမ်ဇော်ရိန်၊ နင်ဇီမေ တို့ တက်ရောက်နိုင်ခဲ့ပြီး စောလားထော်ဝါးမှ အနိုင်ရခဲ့ပြီး ပထမဆုံးသော မြန်မာ အိုင်ဒေါ ဆုရှင်ဖြစ်ခဲ့သည်။
ရာသီ ၂
ရာသီ၂ တွင် အကဲဖြတ်ဒိုင်များအဖြစ် သိန်းတန် (မြန်မာပြည်)၊ မေဆွိနှင့် တင်ဇာမော်တို့က ဆောင်ရွက်ကြသည်။ ဝါရင့်ဒိုင်လူကြီးများ ပါဝင်လာသောကြောင့် လူစိတ်ဝင်စားမှု ပိုမိုရရှိခဲ့သည်။ ပဏာမအသံစစ်ဆေးမှုကို မြို့ကြီး ၅ မြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ဘားအံမြို့တို့တွင် ပြုလုပ်ခဲ့သည်။ Mobile Auditions များကိုလည်း ၎င်းမြို့ ၅ မြို့အနီးဝန်းကျင် မြို့ငယ်များ၌ သွားရောက်အသံစစ်ဆေးခဲ့ပြီး နောက်ဆုံးဆန်ခါတင်အဖြစ် ပြိုင်ပွဲဝင် ၁၀ ဦးကိုရွေးချယ်ခဲ့သည်။ ပြိုင်ပွဲဝင် ပိုးမီကို စုံတွဲတေးသီချင်းများ ယှဉ်ပြိုင်ရသော အပတ်တွင် ဒိုင်လူကြီးများက ပြိုင်ပွဲမှ ထွက်ခွာရခြင်းအား ကယ်တင်ခဲ့သည်။ ပြိုင်ပွဲဝင် ဇင်ကြီးသည် ပန်တင်းဝိုင်းကဒ် အနိုင်ရရှိခဲ့သူဖြစ်ခဲ့ပြီး ဘလူးသီချင်းများ ယှဉ်ပြိုင်ရသော အပတ်တွင် ပြန်လည်ပါဝင်ခဲ့သည်။ နောက်ဆုံးဖိုင်နယ်ကို ၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဖိုင်နယ်ပြိုင်ပွဲကို သားငယ်နှင့် ဘီလီလမင်းအေးတို့ တက်ရောက်ခဲ့ပြီး သားငယ်မှာ အနိုင်ရရှိခဲ့ပြီး မြန်မာအိုင်ဒေါ ဒုတိယရာသီ၏ ဆုရှင်ဖြစ်ခဲ့သည်။ ဤရာသီ၌ Myanmar Idol ၏ တရားဝင် Facebook Page တွင် တိုက်ရိုက်လွှင့်ခဲ့ပြီး လူများအကြားပိုမိုကျယ်ပြန့်ခဲ့ရာ ပရိသတ်များအကြား အထူးအားပေးမှုနှင့်အတူ ဝေဖန်မှုများစွာ ပြင်းထန်ခဲ့သည်။
ရာသီ ၃
ရာသီ ၃ တွင် အကဲဖြတ်ဒိုင်များအဖြစ် သိန်းတန် (မြန်မာပြည်)၊ ရန်အောင်၊ မျိုးကျော့မြိုင်နှင့် တင်ဇာမော်တို့က ဆောင်ရွက်ကြသည်။ နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲသို့ ချမ်းမြေ့မောင်ချိုနှင့် ဖြိုးမြတ်အောင်တို့ တက်ရောက်နိုင်ခဲ့သည်။ နောက်ဆုံးဖိုင်နယ်ပွဲတွင် ချမ်းမြေ့မောင်ချိုက ကျန်းမာရေးအခြေအနေကြောင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။ ၂၀၁၈ ရာသီ ၃ အတွက် အနိုင်ရရှိသူမှာ ဖြိုးမြတ်အောင် ဖြစ်သည်။[၁]
ရာသီ ၄
စတုတ္ထမြောက်ရာသီအတွက် ဒိုင်များအဖြစ် အောင်ကိုလတ်၊ တင်ဇာမော်နှင့် ဖြူဖြူကျော်သိန်းတို့မှ ဆောင်ရွက်ကြသည်။ နောက်ဆုံးဆန်ခါတင် (၁၁)ယောက်မှာ အက်စတာဒေါ့ချင်းဆုန်၊ ဘင်ဂျမင်ဆုမ်၊ အေးမြဖြူ၊ မူးလာ(စောခရစ်မူးလာ)၊ တန်ခွန်ကျော်(Channel 9 Wild Card winner)၊ ယောကီး၊ နော်စေးစေးထူး၊ ထက်အဉ္ဇလီ၊ နှင်းအိအိဝင်း၊ ခြူးစစ်ဟန်နှင့် နေလင်းကျော်တို့ ဖြစ်သည်။ အက်စတာဒေါ့ချင်းဆုန်၊ အေးမြဖြူ၊ ဘန်ဂျမင်ဆွန်း တို့ နောက်ဆုံးဖိုင်နယ်တက်ရောက်ကြပြီး အက်စတာဒေါ့ချင်းဆုန် က အနိုင်ရရှိခဲ့သည်။
Remove ads
နောက်ဆုံးပြိုင်ပွဲဝင်များ
ဒိုင်များ
ရာသီ ၁ ၏ ဒိုင်များမှာ မေဆွိ၊ ချမ်းချမ်းနှင့် ရဲလေးတို့ ဖြစ်ပြီး ရာသီ၂ မှာ မြန်မာပြည်သိန်းတန်၊ မေဆွိ၊ တင်ဇာမော်တို့ ဖြစ်သည်။ ရာသီ ၃ တွင် ဒိုင် လေးဦး ဖြစ်ပြီး မြန်မာပြည်သိန်းတန်၊ တင်ဇာမော်၊ ရန်အောင်နှင့် မျိုးကျော့မြိုင်တို့ ဖြစ်ကြသည်။ ရာသီ၄တွင် အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းနှင့် တင်ဇာမော်တို့ဖြစ်သည်။
အမည် | ရာသီ | |||
၁ | ၂ | ၃ | ၄ | |
မြန်မာပြည်သိန်းတန် | ● | ● | ||
မေဆွိ | ● | ● | ||
အောင်ကိုလတ် | ● | |||
ရန်အောင် | ● | |||
မျိုးကျော့မြိုင် | ● | |||
တင်ဇာမော် | ● | ● | ● | |
ရဲလေး | ● | |||
ဖြူဖြူကျော်သိန်း | ● | |||
ချမ်းချမ်း | ● |
Remove ads
အနိုင်ရသူများ
¹-နောက်ဆုံးနေ့တွင် လာရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads