ဆီစာန်လူမျိုး

From Wikipedia, the free encyclopedia

Remove ads

ဆီစာန် (စီးယင်း) လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ဆိဇာန် ဟုလည်း ခေါ်ကြသည်။ ဆီစာန်တို့သည် မူလက တိဗက်ပြည်မှဆင်းသက်လာပြီး ကလေးမြို့သို့ ရောက်လာကြကာ ထိုမှ အရှေ့ဘက် ဝေဘာလတောင်၊ ထိုမှ ကနေဒီတောင်ထိပ်၊ ထိုနေရာမှ ဆိုင်းဇာန်၊ ထိုမှ ကျင်မွိုင်မ်၊ ထိုမှ ဇိုင်ပီစသည်ဖြင့် အဆင့်ဆင့်ရောက်လာကြလေသည်။ တချို့သည် ကျင်မွိုင်မ်တွင် နေကြသည်။ ကျင်မွိုင်မ်အနီးတွင် ဆားငန်ရေထွက်သော တွင်းများရှိရာ ဆားငံတွင်းကို ချင်းဘာသာဖြင့် ဆိဇန် ဟု ခေါ်တွင်သည်မှ ဒေသကိုလည်း ဆိဇန်၊ နေသူများကိုလည်း ဆိဇန်အမျိုးသားဟု ခေါ်ခြင်းဖြစ်သည်။

ဆိစာန် ချင်းအမျိုးသမီးသည် အပျိုစင်ဘဝ၌ ဆံပင်ကို နောက်စေ့တည့်တည့်တွင် ထုံးသည်။ ဆံကျစ်နှစ်ခုကို နားထင်အောက် မေးစေ့အနီးတွင် ထား၍ ရှေ့သို့ ကောက်ထားသော် ကာမပိုင်ရှိသည်။ သားသမီးကား မရသေးဟု သိနိုင်သည်။ အကယ်၍ သားသည်မအေ ဖြစ်ခဲ့လျှင် နောက်တည့်တည့်တွင် ထုံးထားသော ဆံထုံးငယ်ကို ရှေ့တွင်ထားသော ဆံကျစ်ထုံးနှင့် ရော၍ထားလေ့ရှိသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads