ဆောက်လုပ်ရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန (Ministry of Construction) ထားရှိသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် လမ်းများကို အသစ်ဖောက်လုပ်ခြင်း၊ လက်ရှိလမ်းများကို အဆင့်ဆင့် တိုးတက်ပြုပြင် ထိန်းသိမ်းခြင်း၊ တံတားများကို အသစ် တည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး တံတားများကို ပြုပြင်ထိန်းသိမ်းခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ အပ်ငွေ စနစ်ဖြင့် လုပ်ငန်းအပ်နှံသော လေယာဉ်ကွင်းများကို တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းခြင်း၊ အခြားဝန်ကြီးဌာန အသီးသီးမှ အပ်နှံသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း စသည်တို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့် ဆက်သွယ်မည့် လမ်းများ ဖြစ်သော အာဆီယံ လမ်းမကြီးများ၊ အာရှလမ်းမကြီးများ၊ မဟာမဲခေါင်ဒေသလမ်းမကြီးများ၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်းများစသည့် လမ်းမကြီးများအား နိုင်ငံတကာအဆင့်မှီ လမ်းမကြီများဖြစ်ရန် ဆောင်ရွက်လျက်ရှိသည်။
Remove ads
သမိုင်းကြောင်း
ပြည်သူ့လုပ်ငန်းဌာနများ၏ သမိုင်းကြောင်း
မြန်မာနိုင်ငံတွင် ပြည်သူ့လုပ်ငန်းဆိုင်ရာဌာနများကို ၁၈၈၈ ခုနှစ်တွင် ပြည်သူ့လုပ်ငန်းဌာန (Public Works Department - P.W.D) ကို စတင်ဖွဲ့စည်းခြင်းဖြင့် စတင်ခဲ့သည်။ ယင်းဌာနတွင် အဆောက်အဦနှင့် လမ်းဌာနခွဲနှင့် ဆည်မြောင်းဌာနခွဲတို့ ပါဝင်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် အဆောက်အဦနှင့် လမ်းဌာနခွဲကို ဒိုင်အာခီအစိုးရက လွှဲပြောင်းယူခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်သူ့လုပ်ငန်းဌာနကို ခရိုင်နှင့်မြို့နယ်အဆင့်အထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ ပြည်သူ့လုပ်ငန်းဌာနမှ အဆောက်အအုံလုပ်ငန်းများကို လွှဲပြောင်းယူခဲ့သည်။ ထိုသို့ လွှဲပြောင်းယူခဲ့ပြီးနောက် ပြည်သူ့လုပ်ငန်းဌာနတွင် လမ်းလုပ်ငန်းများသာ ကျန်ရှိခဲ့သည့်အတွက် ၁၉၅၂ ခုနှစ်တွင် လမ်းလုပ်ငန်းဌာန (Highways Department) ဟု အမည်ပြောင်းလဲ၍ ဆောင်ရွက်ခဲ့သည်။ ထိုနှစ်တွင်ပင် လုပ်ငန်းများ ပီပြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ပြည်သူ့လုပ်ငန်းနှင့်အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန
၁၉၅၄ ခုနှစ်တွင် လမ်းလုပ်ငန်းဌာနတွင် ကျန်ရှိသည့် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာဌာနနှင့် သန့်ရှင်းရေးအင်ဂျင်နီနီယာဌာနများကို ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့နှင့် ပေါင်းစည်း၍ ဝန်ကြီးဌာနအမည်ကို ပြည်သူ့လုပ်ငန်းနှင့်အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန (၁၉၇၂-လက်ရှိ)
နောက်ပိုင်းတွင် ၁၉၇၂ ခုနှစ် တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ် (၉၇) အရ ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာနကို ဆောက်လုပ်ရေးဝန်ကြီးဌာနအဖြစ် ပြုပြင်ဖွဲ့စည်းခဲ့သည်။[၁]
Remove ads
ဖွဲ့စည်းပုံ
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနများ ထပ်မံခွဲထားသည်။
- လမ်းဦးစီးဌာန
- တံတားဦးစီးဌာန
- အဆောက်အဦဦးစီးဌာန
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တို့ဖြစ်သည်။
လုပ်ငန်းတာဝန်များ
ဆောက်လုပ်ရေးဝန်ကြီးဌာန သည် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များအား စီမံချက် ချမှတ်၍ ရည်မှန်းချက် ပြီးမြောက်အောင်မြင်စွာ ဆောက်ရွက်ရန် လက်အောက်ရှိ အဖွဲ့အစည်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
- နိုင်ငံတော်မှချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
- လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် လမ်းနှင့်တံတားများအား စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်း၊
- တည်ဆောက်ပြီးသော လမ်းနှင့်တံတားများအား ပြင်ဆင်ထိန်းသိမ်းခြင်း၊
- အခြားသော ဝန်ကြီးဌာနများက လုပ်ငန်းအပ်နှံသည့် လေယာဉ်ကွင်းများ၊ စက်ရုံ၊ အလုပ်ရုံများ အပါအဝင် ပညာရေး၊ကျန်းမာရေးစသည့် နိုင်ငံပိုင် အဆောက်အဦများကို တည်ဆောက်ပြုပြင် မွမ်းမံထိမ်းသိမ်းခြင်း၊
- မြို့ပြနှင့်ဒေသစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊
- လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့သစ်များ တိုးချဲ့ တည်ဆောက်ခြင်း၊ ရပ်ကွက်သစ်များ တည်ဆောက်ခြင်း၊
- ပြည်သူများနှင့် ဝန်ထမ်းများ နေထိုင်ရေးကို တဖက်တလမ်းမှ အခက်အခဲ ဖြေရှင်းပေးနိုင်ရန် အိမ်ရာစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊
- နိုင်ငံပိုင် အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊
- နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် ချမှတ်ထားသော လမ်းညွှန်မှုများနှင့် မူဝါဒများအရ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
ရည်ရွယ်ချက်
- နိုင်ငံတကာဆက်သွယ်မှုလမ်းကြောင်းများအား အိမ်နီးချင်းနိုင်ငံများထက် မနိမ့်ကျစေရန်၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကုန်သွယ်မှုလမ်းကြောင်းများ ဖြစ်စေရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းများပေါ်ရှိလမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊
- ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေးအသိုက်အမြုံ(Asean Economic Community) စတင်ချိန်တွင် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ၏ (၁၉၉၉) ခုနှစ်၊ စက်တင်ဘာလ အဘောတူလက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရ အာဆီယံလမ်းမကြီးများကို စံနှုန်းသတ်မှတ်ချက်နှင့်အညီ Class III (၂ လမ်းသွား ကတ္တရာလမ်း) အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန်၊
- နိုင်ငံတကာဆက်သွယ်သည့် လမ်းများဖြစ်သည့် အာရှလမ်းမကြီးများ (Asia Highway)၊ မဟာမဲခေါင်ဒေသလမ်းမကြီးများ (GMS)၊ ဘင်္ဂလားပင်လယ်အော်ထိစပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးလမ်းမကြီးများ(BIMSTEC)၊ အိန္ဒိယ-မြန်မာ-ထိုင်း (၃)နိုင်ငံဖြတ်လမ်းမကြီးနှင့် အဓိကပြည်ထောင်စုလမ်းမကြီးများကို Class lll ၂၄’ အကျယ် ကတ္တရာကွန်ကရစ်လမ်း(သို့) ကွန်ကရစ်လမ်းအဆင့် ဆောင်ရွက်သွားရန်၊
- ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ကျေးလက်နှင့်မြို့ပြဆက်သွယ်သည့် လမ်းများကို အနည်းဆုံး ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းအဆင့်၊ မြို့ချင်းဆက်လမ်းများကို အနည်းဆုံး ၁၂’ အကျယ် ကတ္တရာလမ်းအဆင့် တည်ဆောက်နိုင်ရေးနှင့် တံတားများကို အမြဲတမ်းသံကူကွန်ကရစ်တံတားများ အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်၊
Remove ads
ပြည်ထောင်စုဝန်ကြီးများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဝန်ကြီး
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads