မျိုးသန့်

ဆောက်လုပ်ရေးဝန်ကြီး (၂၀၂၂ - လက်ရှိ) From Wikipedia, the free encyclopedia

Remove ads

ဦးမျိုးသန့် (၁၉၆၄ ဖွား) သည် လက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[] သူသည် ထိုတာဝန်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် တွင် စတင်ထမ်းဆောင်သည်။[] ထိုမတိုင်မီက စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အချက်တိုများ ဗိုလ်ချုပ် (ငြိမ်း) စည်သူ၊ ဦး မျိုးသန့်, ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ...
Remove ads

စစ်မှုထမ်းဘဝ

၁၉၈၇ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်(RIT) မှနေ၍ အင်ဂျင်နီယာဘွဲ့ ရရှိသည်။ ယင်းနောက် ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) အမှတ်စဉ် ၇၇ သို့ တက်ရောက်ပြီး စတင်စစ်မှုထမ်းသည်။ တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ ရာထူးရရှိခဲ့ကာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဖြစ်သည်။ ထိုတာဝန်ကို ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် နေ့ မတိုင်ခင်အထိ တာဝန်ထမ်းသည်။[]

Remove ads

ဝန်ကြီးဖြစ်လာပုံ

သူသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာသည်။[]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အသစ်ဖွဲ့စည်းလိုက်သည့် ဦးညိုစောအစိုးရတွင် ဆောက်လုပ်ရေးဝန်ကြီး အဖြစ် ပြန်လည် ပါဝင်ခဲ့သည်။[]

ဂုဏ်ပြုခံရခြင်း

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တည်ထားသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် တည်ဆောက်ရေးကိစ္စတွင် ပါဝင်ကူညီခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ /၂၀၂၃ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ ပေးအပ်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads