ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)
From Wikipedia, the free encyclopedia
Remove ads
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)သည် ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အဆင့်မြင့်ပညာကို သင်ကြားပေးသော တက္ကသိုလ် (၃)ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)သည် ၄နှစ်ကြာသင်ယူရသော ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (B.Med.Tech)နှင့် ဆေးဘက်ဆိုင်ရာ မဟာသိပ္ပံဘွဲ့ (M.Med.Tech) နှင့် PhD သင်တန်းများကိုပါ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ဤတက္ကသိုလ်တွင် အထူးပြုဘာသာရပ်များဖြစ်သော ဓာတ်ခွဲနည်းပညာဘာသာရပ်(Medical laboratory Technology)၊ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဘာသာရပ်(Medical Imaging Technology)၊ အကြောအဆစ်ဆိုင်ရာခန္ဓာသန်စွမ်းမှုဘာသာရပ်(Physiotherapy)၊ ခြေတုလက်တုနှင့်အားပြုကိရိယာဘာသာရပ် (Prosthetics and orthotics)၊ ကျန်းမာရေးသတင်းအချက်အလက်နှင့် နည်းပညာဘာသာရပ် (Health Informations and Technology) နှင့် ဓာတ်ရောင်ခြည်ကုသမှုဆိုင်ရာနည်းပညာဘာသာရပ် (Radiation Therapy) စသည်တို့ကို သင်ကြားပို့ချလျက်ရှိသည်
Remove ads
မြန်မာနိုင်ငံတွင် တရားဝင် ဆေးဘက်ပညာသင်ကြားမှုများကို ၁၉၆၄ခုနှစ်တွင် ဆေးဘက်ပညာသည် ဒီပလိုမာဖြင့် စတင်ခဲ့သည်။ ၎င်းဒီပလိုမာမှာ အင်္ဂလန်နိုင်ငံရှိ College of Radiographers ၏ လမ်းညွှန်ချက်များအရ သင်ကြားပေးခြင်းဖြစ်သည်။ ၎င်းဒီပလိုမာကို ကိုလန်ဘိုစီမံကိန်းအရ နိုင်ငံတကာမှ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များဖြင့် ၁၉၈၆ခုနှစ်အထိ သင်ကြားပေးခဲ့သည်။
၁၉၉၃ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ Institute of Paramedical Science, Yangon အဖြစ် စတင်တည်ထောင်ခဲ့သည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)မှာ မြန်မာနိုင်ငံရှိ ပထမဆုံးဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဖြစ်သည်။ ၂၀၀၂ခုနှစ်တွင် မန္တလေးမြို့၌ ဒုတိယ ဆေးဘက်ဆိုင်ရာတက္ကသိုလ်ဖြစ်သော ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)ကို တည်ထောင်ခဲ့သည်။
ယခင်က ဆေးဘက်ပညာသည်တက္ကသိုလ်(ရန်ကုန်)ဟုခေါ်သော်လည်း နောက်ပိုင်းတွင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)ဟု ပြောင်းလဲလိုက်သည်။
Remove ads
အလားတူလင့်ခ်များ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads