တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်

မြန်မာတပ်မတော်၏ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ် From Wikipedia, the free encyclopedia

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်
Remove ads

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သည် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်တွင် တည်ရှိသော စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တစ်ခုဖြစ်သည်။ သူနာပြုဆိုင်ရာ ရိုးရိုးဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့၊ ဆေးဝါးနှင့် ဆေးဘက်ပညာဆိုင်ရာ ရိုးရိုးဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ အပ်နှင်းသည်။[]

အချက်တိုများ ယခင် အမည်, ဆောင်ပုဒ် ...
Remove ads

သမိုင်းကြောင်း

၂၀၀၀ ပြည့်နှစ်၊ဖေဖော်ဝါရီ ၂၄ ရက် တွင် မြန်မာ့တပ်မတော်မှ တပ်မတော်သူနာပြုတက္ကသိုလ်အဖြစ် သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် သူနာပြုတက္ကသိုလ်(မန္တလေး) တို့၏ အကူအညီဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ထိုတက္ကသိုလ်ကို မူလတွင် တပ်မတော်ဆေးတက္ကသိုလ်ဝင်း အတွင်း၌ တွဲဖက်ဖွင့်လှစ်ခဲ့သေးသည်။နောက်ပိုင်းမှ ခွဲထုတ်လိုက်ခြင်းဖြစ်သည်။ ထိုစဉ်က တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်လှမြင့်ကပင် ကျောင်းအုပ်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဆေးဝါးကျွမ်းကျင် နှင့် ဆေးဘက်ပညာသင်တန်းများကို တိုးချဲ့ဖွင့်လှစ်ပြီး တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် အဖြစ် အမည်ပြောင်းလဲခဲ့သည်။[]

Remove ads

နောက်ခံအကြောင်းအရင်းများ

လွတ်လပ်ရေးရရှိပြီးနောက် တပ်မတော်သည် တိုင်းစစ်ဌာနချုပ်များ ပြန်လည်ဖွဲ့စည်းကြစဥ် ဆေးတပ်ဖွဲ့များအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းကြရာ၌ ၁၉၅၀ ပြည့်နှစ်တွင် စစ်မြေပြင် သူနာပြုနှင့် သယ်ယူပို့ဆောင်ရေးတပ် ကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့သည်။ 

၁၉၅၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့၌ ထိုတပ်အား မင်္ဂလာဒုံ၌ စတင် ဖွင့်လှစ်ခဲ့ရာတွင် ပထမဦးဆုံးတပ်မှူးအဖြစ် အမျိုးသမီးအရာရှိ ဗိုလ်ကြီး ဒေါ်မြမြ က ဦးဆောင်ခဲ့သည်။[]တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဖွင့်လှစ်နိုင်ခြင်းမရှိသေးချိန်တွင် တပ်ဖွဲ့အတွက် လိုအပ်သည့် ပညာသင်ယူမှုများအား သြစတြေးလျနိုင်ငံသို့ သူနာပြုအရာရှိ ခြောက်ဦး၊ စင်ကာပူနိုင်ငံသို့ သူနာပြုအရာရှိ တစ်ဦး၊ အင်္ဂလန်နိုင်ငံသို့ သူနာပြုအရာရှိ လေးဦး တို့ဖြင့် ပြည်ပပညာတော်သင်စေလွှတ်ခြင်းများ၊ ပြည်တွင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနဆိုင်ရာ လက်အောက်ခံ နယ်ဘက်ဆေးရုံကြီးများသို့ တပ်မှ သူနာပြု အရာရှိနှင့် အရာခံ (အမျိုးသမီး)တပ်ဖွဲ့ဝင်များအား စေလွှတ်သင်ကြားစေခြင်းဖြင့် သင်ယူခဲ့ကြသည်။ထိုသို့ ဖြတ်သန်းရင်း ၂၁ ရာစုရောက်ရှိမှသာ တပ်မတော် သူနာပြုတက္ကသိုလ်ဟူ၍ သီးသီးသန့်သန့် ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။

ကာလတစ်လျှောက် စစ်မြေပြင် သူနာပြုနှင့် သယ်ယူပို့ဆောင်ရေးတပ် သည် ရှေ့တန်းစစ်မြေပြင်အထိ ဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် တပ်တစ်ခုအဖြစ် ထင်ရှားသည်။

ထင်ရှားချက်များအနေဖြင့် ၁၉၅၃ ခုနှစ် ဒီဇင်ဘာလတွင် အမှတ်(၇)စစ်မြေပြင်သူနာပြုတပ်မှ သူနာပြုတပ်ခွဲမှူး ဗိုလ်ကြီး စောတင်မလာသည် လွိုင်လင်မြို့နှင့် ဟိုပုံးမြို့ကြားတွင် ရန်သူများ၏ တိုက်ခိုက်မှုကိုခံရပြီး၊ဒဏ်ရာပြင်းထန်မှုကြောင့် တပ်မတော်မှ အငြိမ်းစားယူခဲ့ရသည်။

ထို့အပြင် သူနာပြုတပ်ဖွဲ့ဝင် ဗိုလ်မှူးဒေါ်ခင်အုန်းမြ သည် ၁၉၆၃ ခုနှစ်၌ ဖလောရင့်စ် နိုက်တင်ဂေး ဆုရခဲ့သည်။

ကျောင်းအုပ်ကြီးများ

နောက်ထပ် အချက်အလက်များ ကျောင်းအုပ်ကြီးများ, ကာလ ...
Remove ads

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads