ဆွတ်ဗဟာဒူး
From Wikipedia, the free encyclopedia
Remove ads
ဆွတ်ဗဟာဒူး သည် ဘောလုံးကစားသမား တစ်ဦးဖြစ်သည်။မြန်မာနိုင်ငံ၏ ဘောလုံးအားကစားကဏ္ဍတွင် ထင်ရှားသော ဘောလုံးကစားသမားလည်းဖြစ်သည်။သူသည် တပ်မတော်သား တစ်ဦးလည်းဖြစ်ကာ အမှတ် (၄) ခြေလျင်တပ်ရင်း (4th Gurakha)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဂေါ်ရခါးလူမျိုး ဖြစ်သည်။[၂]၂၀၂၃ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်မှ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သည်။[၃]
Remove ads
ဘဝအစနှင့် ပညာရေး
ဗဟာဒူး၏ အမည်အပြည့်အစုံမှာ ဆွတ်ဗဟာဒူးသာပါး (အက်စ်ဗဟာဒူးသာပါး) ဖြစ်သည်။ဖခင်မှာ အမ်အက်စ်သာပါးဖြစ်ပြီး မိခင်မှာ အက်စ်ဒါရား ဖြစ်သည်။၁၉၃၅ခုနှစ်တွင် ပျော်ဘွယ်မြို့၌ ဖွားမြင်သည်။မွေးချင်း (၈)ဦးအနက် ၅ဦးမြောက်သားဖြစ်သည်။ငယ်ရွယ်စဉ်က ပျော်ဘွယ်အစိုးရအထက်တန်းကျောင်းတွင် တက်ရောက်ခဲ့သည်။အသက် (၈)နှစ် အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။ထိုအချိန်မှစ၍ မေမြို့ရှိ စိန်မေရီကျောင်းတွင် အဋ္ဌမတန်းအထိ ပညာသင်ယူခဲ့သည်။[၄]
တပ်မတော်သားဘဝ
အသက် (၁၄)နှစ်အရွယ်တွင် တပ်မတော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ထိုအချိန်သည် တိုင်းပြည်၌ ရောင်စုံသူပုန်များ ထကြွနေသည်။ကူမင်တန်ကျူးကျော်မှု စတင်ခဲ့သည့် အချိန်တွင် ပြန်လည် တိုက်ထုတ်ရာ၌လည်း ပါဝင်ခဲ့သည်။
အားကစားသမားဘဝ
ကစားသမားဘဝအစ
ဗဟာဒူးသည် ၁၉၅၀-၁၉၅၁ ကာလများတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဘောလုံးပွဲများတွင် ခြေစွမ်းပြ ကစားခဲ့သည်။၁၉၅၂ခုနှစ်တွင် ပထမဆုံးအကြိမ်ကျင်းပသည့် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ထိုပွဲတွင် ဗဟာဒူးသည် ခြေစွမ်းပြခဲ့ပြီး ရှမ်းပြည်နယ်အသင်းသည်လည်း ဗိုလ်စွဲခဲ့သည်။ထိုပြိုင်ပွဲအတောအတွင်းမှစ၍ ဗဟာဒူးသည် ပရိသတ်များအကြား ထင်ရှားလာခဲ့သည်။
ပြိုင်ပွဲပြီးနောက် ရန်ကုန်ပထမတန်းတွင် ဘောလုံးကစားရန် တပ်မတော်(ကြည်း)က ခေါ်ယူခဲ့သည်။၁၉၅၃ခုနှစ်မှစ၍ ဗဟာဒူးသည် နိုင်ငံလက်ရွေးစင် ဖြစ်လာခဲ့သည်။၁၉၅၃ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော မြန်မာ၊ သီဟိုဠ်၊ အိန္ဒိယ၊ ပါကစ္စတန် လေးနိုင်ငံ ဖိတ်ခေါ်ပွဲတွင် ဗဟာဒူး ပါဝင်ခဲ့ပြီး နိုင်ငံတကာ စာမျက်နှာတွင် ခြေစွမ်းပြခဲ့သည်။ ဗဟာဒူးသည် မြန်မာအသင်းနှင့်အတူ အာရှအားကစားပွဲတော်တွင် ရွှေတံဆိပ်တစ်ခု၊ ကျွန်းဆွယ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂ခု၊ အာရှဖလားဘောလုံးပွဲတွင် ဒုတိယဆုများ ရရှိခဲ့သည်။[၅]
အာရှအားကစားပြိုင်ပွဲများ
ဗဟာဒူးသည် ၁၉၅၄ခုနှစ်တွင် ကျင်းပသော မနီလာအာရှ အားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ထိုပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းအနေဖြင့် ရှုံးပွဲမရှိဖြင့် ကြေးတံဆိပ် ဆွတ်ခူးခဲ့သည်။အကြိုဗိုလ်လုပွဲတွင် နှစ်ဖက် သရေကျနေရာမှ တောင်ကိုရီးယားမှ ပျမ်းမျှဂိုးအရေအတွက်နှင့် ဗိုလ်လုပွဲသို့ တက်သွားခဲ့သည်။
၁၉၆၆ခုနှစ် ဘန်ကောက်အာရှအားကစားပြိုင်ပွဲတွင်လည်း မြန်မာအသင်းနှင့်အတူ ဗဟာဒူး ပါဝင်ခဲ့သည်။ထိုပြိုင်ပွဲတွင် မြန်မာအသင်းသည် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။
ကျွန်းဆွယ်အားကစားပြိုင်ပွဲ
၁၉၆၁ခုနှစ်တွင် အိမ်ရှင်အဖြစ်ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သည်။ထို့ကြောင့် ဗဟာဒူးမှာ ငွေတံဆိပ်သာ ရရှိခဲ့သည်။၁၉၆၇ ဘန်ကောက်ကျွန်းဆွယ်ပွဲတွင် တောင်ဗီယက်နမ်အား အနိုင်ရပြီး မြန်မာအသင်း ရွှေတံဆိပ် ဆွတ်ခူးခဲ့ရာတွင် ဗဟာဒူးသည် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။
အာရှဖလားဘောလုံးပွဲ
၁၉၆၇မှစ၍ ယှဉ်ပြိုင်ခဲ့သော ၄ကြိမ်မြောက် အာရှဖလား ဘောလုံးပွဲကို မြန်မာအသင်းသည် ခြေစစ်ပွဲမှ စတင် ကန်ခဲ့ရာ ၁၉၆၈ခုနှစ်တွင် ကျင်းပသည့် ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့သည်။ဗိုလ်လုပွဲတွင် အိမ်ရှင် အီရန်ကို ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ထိုပွဲစဉ်များတွင်လည်း ဗဟာဒူး ပါဝင်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads