မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
မြစ်ကြီးနားမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia
Remove ads
မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် မပခ)သည် မြစ်ကြီးနားမြို့တွင် အခြေစိုက်သည့် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ကချင်ပြည်နယ်နှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် အောင်ဇော်ထွေး (တေဇ-၂၄)ဖြစ်သည်။
Remove ads
သမိုင်း
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်တွင် မြန်မာနိုင်ငံ၌ တောင်နှင့်မြောက်ဟူ၍ တပ်မတော်စစ်တိုင်း (၂)ခုသာရှိသေးသည်။ မြောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်နေဝင်းဖြစ်သည်။ ထို့နောက် ၁၉၄၈ခုနှစ်ဩဂုတ်လတွင် ဗိုလ်မှူးချုပ်နေဝင်းမှာ ဒုစစ်သေနာပတိဖြစ်သွားပြီး ဗိုလ်မှူးချုပ်လဇွန်တန်မှ မြောက်ပိုင်းတိုင်းမှူးဖြစ်လာသည်။ ရောင်စုံသူပုန်များ ထကြွချိန်တွင် ဒုဗိုလ်ချုပ်ကြီးနေဝင်းမှာ စစ်ဦးစီးချုပ်ဖြစ်သွားပြီး ဗိုလ်မှူးချုပ် အေဒီဘလိတ်က မြောက်ပိုင်းတိုင်းမှူးဖြစ်လာခဲ့သည်။
၁၉၅၃ ကူမင်တန်ကျူးကျော်မှုတွင် တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇောအား မြောက်ပိုင်းသို့ ပြောင်းရွှေ့ခန့်ထားကာ တိုက်ခိုက်စေခဲ့သည်။၁၉၅၆တွင် ဗိုလ်မှူးချုပ်ကျော်ဇောအား ဗကပနင့် ဆက်သွယ်သည်ဟုဆိုကာ အနားပေးခဲ့သည်။[၁]၎င်း၏နေရာအား ဗိုလ်မှူးချုပ်အောင်ရွှေကို ခန့်ထားခဲ့သည်။၁၉၅၉ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ဗိုလ်မှူးချုပ်အောင်ရွှေမှာ တောင်ပိုင်းသို့ ရောက်သွားပြီး မြောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယုဖြစ်သည်။၁၉၆၀ရွေးကောက်ပွဲအပြီး အာဏာပြန်လွှဲပြီးချိန်ဖြစ်သော ၁၉၆၁ခုနှစ်တွင် တပ်မတော်ကို အင်အားတိုးချဲ့သည့်အနေဖြင့် တောင်နှင့်မြောက် စစ်တိုင်း(၂)ခုအား နမခ၊လပခ၊ရတခ၊နတခနှင့် ရပခဟူ၍ စစ်တိုင်း(၅)ခုသို့ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တော်လှန်ရေးကောင်စီလက်ထက် ၁၉၇၂ခုနှစ်တွင် တပ်မတော်စစ်တိုင်း (၅)ခုအား (၉)ခုသို့ ထပ်မံတိုးချဲ့ခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က တိုင်းမှူးမှာ ဗိုလ်မှူးကြီးထွန်းတင်ဖြစ်သည်။[၂][၃]
Remove ads
ဖွဲ့စည်းပုံ
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) နှင့် အခြေချ စစ်ဗျူဟာအဖွဲ့များ၊ လှုပ်ရှား စစ်ဗျူဟာအဖွဲ့များနှင့် ၎င်းတို့ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၆)ရင်း ပါဝင်သည်။
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံး
- တိုင်းမှူးရုံး
- ဒုတိုင်းမှူးရုံး
- တိုင်းဦးစီး(ဗိုလ်မှူးချုပ်) ရုံး
- စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း) ရုံး
- စစ်ဆင်ရေးဌာနခွဲ
- တာဝန် နှင့် လေ့ကျင့်ရေးဌာနခွဲ
- စစ်ဦးစီးမှူး(ပထမတန်း) (စစ်ဘက်ရေးရာလုံခြုံရေးဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း) (ပြည်သူ့စစ်ဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း) ရုံး
- ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ရေးဌာန) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ငွေစာရင်းဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (မှတ်တမ်းဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ထောက်ဌာန) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
- စခန်းရုံး
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)
- ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
- ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
အခြေချ စစ်ဗျူဟာအဖွဲ့များ
- အခြေချ စစ်ဗျူဟာအဖွဲ့ရုံး
- ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
လှုပ်ရှား စစ်ဗျူဟာအဖွဲ့များ
- လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများ
Remove ads
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ
မပခ နယ်မြေအတွင်း၌ အောက်ပါ စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ်များ အခြေစိုက်တည်ရှိသည် -
တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
- ဗိုလ်မှူးချုပ် နေဝင်း (ကြည်း - ၃၅၀၂) (၂၀-၁၂-၁၉၄၇ မှ ၁-၈-၁၉၄၈)
- ဗိုလ်မှူးချုပ် လဇွန်တန် (ကြည်း - ၅၁၈၁) (၁-၈-၁၉၄၈ မှ ၄-၁၁-၁၉၄၈)
- ဗိုလ်မှူးချုပ် ကျော်ဇော (ကြည်း - ၃၅၀၄) (၄-၁၁-၁၉၄၈ မှ ၅-၂-၁၉၄၉)
(မှတ်ချက် - ဒုတိယဗိုလ်မှူးကြီးမောင်မောင် သည် ၅-၂-၁၉၄၉ မှ ၂၀-၂-၁၉၄၉ အထိ၊ ဒုတိယဗိုလ်မှူးကြီးမောင်ကြင် သည် ၂၁-၂-၁၉၄၉ မှ ၂၉-၈-၁၉၄၉ အထိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတပ်များကို ကွပ်ကဲခဲ့သည်။)
- ဗိုလ်မှူးချုပ် ဒီအေဘလိတ် (ကြည်း - ၅၁၀၉) (၃၀-၈-၁၉၄၉ မှ ၇-၅-၁၉၅၃)
- ဗိုလ်မှူးချုပ် ကျော်ဇော (ကြည်း - ၃၅၀၄) (၇-၅-၁၉၅၃ မှ ၁၃-၂-၁၉၅၇)
- ဗိုလ်မှူးချုပ် အောင်ရွှေ (ကြည်း - ၃၅၀၅) (၁၃-၂-၁၉၅၇ မှ ၂၅-၂-၁၉၅၉)
- ဗိုလ်မှူးချုပ် စန်းယု (ကြည်း - ၃၅၆၉) (၂၅-၂-၁၉၅၉ မှ ၁၆-၁၀-၁၉၆၁)
- ဗိုလ်မှူးကြီး ထွန်းတင် (ကြည်း - ၅၅၉၁) (၁၁-၇-၁၉၇၂ မှ ၁၆-၇-၁၉၇၄)
- ဗိုလ်မှူးကြီး လှဖေ (ကြည်း - ၅၇၉၆) (၇-၈-၁၉၇၄ မှ ၂၁-၇-၁၉၇၆)
- ဗိုလ်မှူးချုပ် စောမောင် (ကြည်း - ၆၁၈၇) (ဗသက - ၆) (၁၉၇၆ ခန့်အပ်) (၂၁-၇-၁၉၇၆ မှ ၂၀-၅-၁၉၇၉)
- ဗိုလ်မှူးကြီး မြင့်လွင် (ကြည်း - ၆၆၀၈) (၂၀-၅-၁၉၇၉ မှ ၉-၉-၁၉၈၀)
- ဗိုလ်မှူးကြီး အေးစန် (ကြည်း - ၆၁၄၄) (၉-၉-၁၉၈၀ မှ ၁၈-၈-၁၉၈၁)
- ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် (ကြည်း - ၅၉၉၇) (၁၈-၈-၁၉၈၁ မှ ၁၆-၁၀-၁၉၈၅)
- ဗိုလ်ချုပ် ကျော်ဘ (ကြည်း - ၇၉၂၄) (ဗသက - ၂၁)
- ဗိုလ်ချုပ် စောလွင် (ကြည်း - ၈၆၇၇)
- ဗိုလ်ချုပ် ကျော်ဝင်း (ကြည်း - ၁၀၁၉၄) (ဗသက - ၃၀)
- ဗိုလ်ချုပ် မောင်မောင်ဆွေ (ဗသက - ၄၇)
- ဗိုလ်ချုပ် အုန်းမြင့် (ကြည်း - ၁၃၉၀၃) (စတသ - ၁၇)
- ဗိုလ်ချုပ် စိုးဝင်း (ကြည်း - ၁၆၄၈၉) (စတသ - ၂၂)
- ဗိုလ်ချုပ် ဇေယျာအောင် (ကြည်း - ၁၆၅၀၃) (စတသ - ၂၂)
- ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် (ကြည်း - ၁၈၁၃၁) (စတသ - ၂၅) [၄]
- ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန် (ကြည်း - ၁၈၂၉၆) (စတသ - ၂၅)
- ဗိုလ်ချုပ် ညီညီဆွေ
- ဗိုလ်ချုပ် တေဇကျော် (ကြည်း - ၂၀၂၇၈) (စတသ - ၂၈)
- ဗိုလ်ချုပ် မြတ်သက်ဦး[၅] (ကြည်း - ၂၈၂၃၉) (စတသ - ၃၈)
- ဗိုလ်ချုပ် ကိုကိုမောင် (ကြည်း - ၂၈၁၃၃) (စတသ - ၃၈) [၆] [၇]
- ဗိုလ်ချုပ်စိုးလှိုင် [၈] (ယခင် ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး) (ကြည်း - ၂၉၁၈၀) (တေဇ - ၂၄)
- ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် အောင်ဇော်ထွေး (ကြည်း - ၂၉၂၀၈) (တေဇ - ၂၄) (ယခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး)
Remove ads
ကိုးကား
နောက်ထပ်ကြည့်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads