ဆွေမင်း(ဓနုဖြူ)

မြန်မာနိုင်ငံသား ကာတွန်းဆရာ From Wikipedia, the free encyclopedia

Remove ads

ကာတွန်း ဆွေမင်း (ဓနုဖြူ) ကလောင်နာမည်ဖြင့် မြိုင်ရာဇာ တွတ်ပီ ကာတွန်းဇာတ်ကောင်ကို ဖန်တီးခဲ့သူ ကာတွန်းဆရာ ဦးခင်မောင်မြင့်ကိုဖခင် ဦးတင်ရွှေ မိခင်ဒေါ်သန်းခင်တို့က ၁၉၅၇ ခုနှစ်၊အောက်တိုဘာ၂၂ ရက်နေ့တွင် ဓနုဖြူမြို့၌ မွေးဖွားသည်။ မူလတန်းပညာကို ရွှေကူမူလတန်းကျောင်းနှင့်ရေတွင်းကုန်း မူလတန်းကျောင်းတို့တွင်လည်းကောင်း အလယ်တန်းပညာကို ရွှေကူအလယ်တန်း ကျောင်းတွင်လည်းကောင်း၊အထက်တန်းပညာကို ဓနုဖြူအထက် တန်းကျောင်းတွင်လည်းကောင်း သင်ယူသည်။ ငယ်စဉ်တည်းက စာရေးစာဖတ်ခြင်းနှင့် ကာတွန်းရုပ်များရေးခြစ်ခြင်းကို ဝါသနာပါသည်။ နဝမတန်းကျောင်းသားဘဝတွင် သောကြာစာစောင်နှင့် အခြားမဂ္ဂဇင်းများ၌ ကလောင်နာမည် မောင်မောင်ဆွေမင်း (ဓနုဖြူ)ဖြင့်ရေးသားသည်။ ၁၉၇၇ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ ရန်ကုန်ပန်းချီပန်းပုကျောင်းတွင် ပန်းချီပညာသင်ယူသည်။

အချက်တိုများ ဆွေမင်း (ဓနုဖြူ), မွေးဖွား ...
Remove ads

မြိုင်ရာဇာတွတ်ပီ

ပန်းချီပန်းပု ကျောင်းဆင်းပြီးနောက် စာပေလောကသို့ ဝင်ရောက်သည်။ ၁၉၈၆ခုနှစ်မှစ၍ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်ကို ရွှေသွေးဂျာနယ်တွင် စတင်ရေးဆွဲသည်။ ၁၉၈၈ခုနှစ်မှစ၍ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်ဖြင့် လုံးချင်းကာတွန်းစာအုပ်များ ရေးဆွဲထုတ်ဝေသည်။

'တွက်ပီ' သည် မြန်မာစာရေးဆရာကြီး ဆွေမင်းဓနုဖြူ ၏ ထင်ရှားသော စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ဝတ္ထု၏အဓိကဇာတ်ကောင်ဖြစ်သော “တွက်ပီ” သည် လူ့ဘောင်၏သဘာဝနှင့် စိတ်ဓာတ်တရားများကို ကိုယ်စားပြုဖော်ပြထားပြီး၊ စွန့်စားမှုများအတွင်းမှ လူ့အသိဉာဏ်၊ ယုံကြည်မှုများနှင့် ဘဝအပေါ်ရင်ဆိုင်ဆောင်ရွက်ရသော အကြောင်းအရာများကို လှုပ်လှုပ်ရှားရှားဖော်ပြသည်။

ဇာတ်လမ်းတွင် စိတ်ကူးယဉ်နှင့် တကယ့်ဘဝအဖြစ်မှန်တို့ကို ရောစပ်ထားပြီး၊ သက်ဝင်သက်ရှိများနှင့် လူ့သဘာဝကို နက်နက်ရှိုင်းရှိုင်း သုံးသပ်ဖော်ပြထားသည်။ “တွက်ပီ” သည် မူရင်းသဘောတရားများ၊ ရိုးရာယုံကြည်မှုများနှင့် လူ့စိတ်ပေါ်မူတည်သည့် သီအိုရီများကို လျှောက်လှမ်းဖော်ထုတ်သည့် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။

ဆရာ ဆွေမင်းဓနုဖြူ ၏ စာဖွဲ့နည်းပညာအထူးကျွမ်းကျင်မှုနှင့် အတွေးအမြင်နက်ရှိုင်းမှုကြောင့် “တွက်ပီ” သည် မြန်မာစာပေအတွင်းတွင် အထင်ကရ စာပေအလုပ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ကုသိုလ်ယူခံထားရသည်။ စာဖတ်သူအား စိတ်ကူးယဉ်အသစ်အသစ်များနှင့် ယုံကြည်မှုအပေါ် ပြန်လည်စဉ်းစားစေသည့် ဝတ္ထုတစ်ပုဒ်လည်း ဖြစ်သည်။

Remove ads

တတိုင်းမွှေးဂျာနယ်

၁၉၉၇ခုနှစ်မှစ၍ တတိုင်းမွှေးဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေသည်။ မြိုင်ရာဇာတွတ်ပီဇာတ်ကောင်သည် နိုင်ငံတစ်ဝန်းမသိသူ မရှိသလောက် ပေါက်ရောက် အောင်မြင်သည်။

သောကြာစာစောင်

သောကြာစာစောင်တွင် လည်းအမှုဆောင်အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဘဝတစ်ခုအမှတ်တရ အမည်ရှိ ဆောင်းပါးစာစုများကိုလစဉ်ရေးသားသည်။ အခြားမဂ္ဂဇင်း ဂျာနယ်များတွင်လည်းဆောင်းပါးများရေးသားသည်။

ထုတ်ဝေခဲ့သော ဆောင်းပါး

၂၀၀၃ခုနှစ်တွင် ဘဝတစ်ခုအမှတ်တရအမည်ရှိ ဆောင်းပါးစာစုများကို စုစည်းပြီးစာအုပ်ထုတ်ဝေသည်။

ကာတွန်းဗီစီဒီ

ထို့ပြင်မကွယ်လွန်မီ မြိုင်ရာဇာတွတ်ပီ ကာတွန်းဗီစီဒီကို ဖန်တီးထုတ်လုပ်ခဲ့သည်။

ကာတွန်းဆွေမင်း (ဓနုဖြူ)သည် ၂၀၀၅ခုနှစ် နိုဝင်ဘာ၁၁ ရက်နေ့ညတွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မို့မို့ဆန်းနှင့် သမီးနှစ်ဦး သားတစ်ဦးကျန်ရစ်သည်။

[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads