ဇာဟောင်လူမျိုး

From Wikipedia, the free encyclopedia

Remove ads

ဇာဟောင်လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ဇာဟောင်လူမျိုးများသည် မြောက်ပိုင်းချင်းတောင်ဒေသ ဖလမ်းမြို့နယ်အတွင်း နေထိုင်ကြသော ချင်းမျိုးနွယ်စု တစ်ခုဖြစ်သည်။

ဇာဟောင်မျိုးနွယ်စုတို့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်သော ရှေးရိုးစဉ်လာ စကားမှာ ကလေးမြို့(ကောလ်ပီး)တွင် ဖိုးလုံးဆိုသူ အဘိုးကြီးတစ်ဦး၌ မြေးယောက်ျား ငါးယောက် ရှိလေသည်။ သူကွယ်လွန်သောအခါ အမွေခွဲရာ၌ အဝေမတည့်ဖြစ်ကြရာ မြေးငယ် နှစ်ယောက်က တစ်ဖက်။ အကြီးသုံးယောက်က တစ်ဖက် ကွဲသွားပြီး မြေးအကြီး သုံးယောက်သည် ချင်းတောင်တန်းများပေါ်သို့ တက်လာကြသည်။ မြေးငယ်နှစ်ယောက်လည်း အကြီးသုံးယောက် နောက်သို့ လိုက်ပါလာပြီး မင်းလည်တောင်သို့ ရောက်သောအခါ ကလေးသို့ ပြန်သွားကြလေသည်။ မြေးကြီးသုံးယောက်သည် တောင်ပေါ်မှာပင် လုပ်ကိုင်စားသောက် နေကြလေသည်။ အကြီးဆုံးအမည်မှာ ဇန်ညပ်၊ အလတ်မှာ လွန်းကျော် နှင့် အငယ်မှာ လွန်းခိုင်ဟု တွင်သည်။ ယင်းတို့သည် ခရီးထွက်ခဲ့ရာ တီဗင်ရေအိုင်အနီးသို့ ရောက်သော် ဇန်ညပ်သည် ထိုဒေသမှာပင် ရွာတည်နေရစ်သည်။

လွန်းကျော်နှင့် လွန်းခိုင်တို့သည် ခရီးဆက်ကြရာ လွန်ဘမ်းအနီး လတိရွာသို့ ရောက်ကြလေသည်။ ထိုနေရာမှတစ်ဖန် ဆွမ်တလားဒေသတွင် မီးခိုးမြင်ကြရ၍ မီးခိုးမြင်ရာသို့ လာခဲ့ရာ လိုင်လွန်းဂူနားသို့ ရောက်ကြသည်။ ဤတွင် လိုင်ဇိုရွာသားများ ရောက်လာပြီး ယင်းတို့အား ခေါ်ဆောင်သည်တွင် လွန်းကျော်လိုက်ပါသွားပြီး လိုင်ဇိုရွာတွင် သူကြီးဖြစ်သွားလေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads