ဇိနမာရ်အောင်စေတီ

From Wikipedia, the free encyclopedia

ဇိနမာရ်အောင်စေတီ
Remove ads

မာရ်ငါးပါးဟုခေါ်သော သကျမာရ်အောင်စေတီ၊ ဇိနမာရ်အောင်စေတီ၊ ရတနာ့မာရ်အောင်စေတီလောကမာရ်အောင်စေတီမင်္ဂလာမာရ်အောင်စေတီတော်တို့ အနက် ဇိနမာရ်အောင်စေတီသည် မြောက်ဦးမြို့၏ တောင်ဘက်တွင်ရှိပြီး နန်းတော်ကုန်း၏တောင်ဘက် မိုင်ဝက်ခန့်အကွာတွင် မတ်စောက်သော တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည်။ တက္ကသီလဘုရား၏ အရှေ့ဘက် ကိုက် ၃၀၀ခန့် ကွာဝေးသည်။ တောင်ကုန်းအမည်မှာ ပန်းတိမ်တောင်ဖြစ်သည်။ စေတီတော်ကို ကျောက်တုံးကြီးများအား ဆစ်၍ ထောင့်ချိုးများဖြင့် ရှစ်မြှောင့် အဋ္ဌဂံပုံဖြစ်အောင် စနစ်တကျ တည်ဆောက်ထားသည်။ အောက်ခြေမှ အပေါ်ထိ ရှစ်မြှောင့်ပေါ်အောင် တဖြည်းဖြည်း တက်သွားသည်။ အောက်ခြေအဝန်းမှာ (၃၂၀) ပေရှိပြီး၊ ဉာဏ်တော် ၁၂၀မြင့်သည်။ အရှေ့ဘက်တွင် ဂန္ဓကုဋီတိုက်သို့ ဝင်ရန် မုခ်လမ်းတစ်ခုရှိသည်။ ဝင်လမ်းဂူ အထက်တွင် မုခ်ငါးဆင့် ပြုလုပ်ထားသည်။ ကျောက်ဆစ်လက်ရာများဖြင့် တင့်တယ်လှပေသည်။ ဒုတိယပစ္စယံတွင် ပူးကောင်များကို ထောင့်များ၌ ထုလုပ်ထားသည်။ စေတီတော်၏ ရှစ်မြှောင့် ထောင့်ချိုးများတွင် လူဦးခေါင်းနှင့် ခြင်္သေ့ကိုယ် နှစ်ခုပါသော မနုဿီဟရုပ်တုများ ပြုလုပ်ထားရှိသည်။

Thumb
ဇိနမာရ်အောင်စေတီ
Remove ads

သမိုင်းကြောင်း

သက္ကရာဇ် (၁၀၁၄) နှစ် စန္ဒာသုဓမ္မရာဇာဘုရင်က တည်ထားကိုးကွယ်ခဲ့သည်။ အဆိုပါစေတီမှာ သေးငယ်နေ၍ သူငယ်တို့က "စံသုဘုရင်၊ အရှင်ကောင်းမှု၊ ပန်းတိမ်တောင် ဘုရားပြု၊ သာဓုမခေါ်လောက်"ဟူ၍ အော်ဟစ်ကြသည်။ ဤအကြောင်းကို ဘုရင်ကြားသိ၍ မှူးမတ်ပညာရှိတို့နှင့် တိုင်ပင်ကြရာ မှူးမတ်တို့၏ အကြုံပြုချက်အရ ခရစ်နှစ် (၁၆၅၈) ခုနှစ်တွင် ကျောက်စေတီတစ်ဆူ ထပ်မံတည်စေသည်။ ဘုရားတည်ခြင်းကို အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စေတီတော်ကို ဇိနမာရ်အောင်စေတီဟု ခေါ်တွင်စေသည်။ ရှေးအခါက ဂန္ဓကုဋီတိုက်ထဲတွင် ကြေးဆင်းတု တစ်ဆူရှိခဲ့ရာ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး နယ်ချဲ့ တို့ သိမ်းယူသွားခဲ့သည်။ ယခုအခါ အခြားဆင်းတုတော်တစ်ဆူကို ပြောင်းရွှေ့ ပူဇော်ထားသည်။

Remove ads

ကိုးကား

ရခိုင်မဟာရာဇဝင်ကြီး (ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ))

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads